မုံရွာစျေးကွက်ကုလားပဲ၁ရက်အိတ်(၂၀၀၀)-(၃၀၀၀)ကြားဝင်

Summary : လက်ရှိ မေလလယ်တွင် မုံရွာစျေးကွက်သို့ ကုလားပဲများ တစ်ရက်လျှင် ပိသာ(၃၀)ဝင် အိတ်(၂၀၀၀)နှင့်(၃၀၀၀)ကြား ဝင်နေကြောင်း မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးချမ်းဟိန်း ထံမှသိရသည်။

မုံရွာစျေးကွက်သို့ ကုလားပဲများ တစ်ရက်လျှင် ပိသာ(၃၀)ဝင် အိတ်(၂၀၀၀)နှင့်(၃၀၀၀)ကြားဝင်နေ

မုံရွာစျေးကွက်ကုလားပဲ၁ရက်အိတ်(၂၀၀၀)-(၃၀၀၀)ကြားဝင်

လက်ရှိ မေလလယ်တွင် မုံရွာစျေးကွက်သို့ ကုလားပဲများ တစ်ရက်လျှင် ပိသာ(၃၀)ဝင် အိတ်(၂၀၀၀)နှင့်(၃၀၀၀)ကြား ဝင်နေကြောင်း မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးချမ်းဟိန်း ထံမှသိရသည်။

“မုံရွာပတ်လည် ဘုတလင်၊ အရာတော်၊ ချောင်းဦးနဲ့ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းဒေသတွေက ကုလားပဲတွေ ဝင်တယ်။ မုံရွာစျေးကွက်ကို ပိသာ(၃၀)ဝင် အိတ်(၂၀၀၀)နဲ့(၃၀၀၀) ကြားဝင်ပြီး အရောင်းအဝယ်ဖြစ်နေတယ်။ ကုလားပဲအဖြူက ရန်ကုန်ကတဆင့် ပါကစ္စတန်ကို အများဆုံး ပို့ရတယ်လို့သိရပါတယ်။ ကုလားပဲအနီကိုတော့ မုံရွာပဲခွဲစက်တွေ မန္တလေးပဲခွဲစက်တွေက ယူကြတယ်” ဟု ဦးချမ်းဟိန်း ကပြောသည်။

ဟော်လန်၊ 929၊ V2၊ V3 ကုလားပဲအုပ်စုများ အဝင်များနေပြီး V2 နှင့် V3 သည် အိတ်စပို့တင်သည့်အတွက် ပိုပြီး စျေးလည်းကောင်း၊ ထိုက်သင့်သည့် အရေအတွက်လည်း ထွက်နေကြောင်း သိရသည်။

မုံရွာစျေးကွက်ကုလားပဲ၁ရက်အိတ်(၂၀၀၀)-(၃၀၀၀)ကြားဝင်မုံရွာစျေးကွက်ကုလားပဲ၁ရက်အိတ်(၂၀၀၀)-(၃၀၀၀)ကြားဝင်

ကုလားပဲပေါ်စ ဖေဖော်ဝါရီလက (၃၅၀၀၀)၊ (၃၇၀၀၀) ခန့်စျေးမှ ယခု မေလလယ် (မေလ ၁၇ရက်) ပေါက်စျေးသည် ကုလားပဲအဖြူ(V3)က ကျပ်(၅၀၀၀၀) အထိပေါက်ပြီး 929 (ကုလားပဲအနီ)က ကျပ်(၄၅၀၀၀) စျေး ပေါက်ကြောင်းသိရသည်။

မုံရွာစျေးကွက်သို့ ပဲတီစိမ်းကြီး၊ မတ်ပဲ၊ မြေထောက်ပဲ၊ ပဲကြီး၊ နှမ်းများဝင်နေပြီး စျေးကွက်အလိုအရ လက်ရှိတွင် စျေးတန်းကောင်းပြီး အရောင်းအဝယ်ကောင်းသည်မှာ ကုလားပဲအုပ်စု ဖြစ်သည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/21/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%80%e1%80%af%e1%80%9c%e1%80%ac%e1%80%b8%e1%80%95%e1%80%b2%e1%81%81/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 21, 2022 10:18 上午
下一篇 5月 22, 2022 4:32 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....