မန္တလေးသံဃာတော်(၁၀၂၆၄)ပါးဆွမ်းလောင်းလှူပွဲ

ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော် ( ၁၀၂၆၄ ) ပါးအား ဆွမ်းလောင်းလှူပွဲအခမ်းအနားပြုလုပ်

မန္တလေးသံဃာတော်(၁၀၂၆၄)ပါးဆွမ်းလောင်းလှူပွဲ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ် အခါသမယတွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် (၁၀၂၆၄)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။

မန္တလေးသံဃာတော်(၁၀၂၆၄)ပါးဆွမ်းလောင်းလှူပွဲမန္တလေးသံဃာတော်(၁၀၂၆၄)ပါးဆွမ်းလောင်းလှူပွဲမန္တလေးသံဃာတော်(၁၀၂၆၄)ပါးဆွမ်းလောင်းလှူပွဲ

သာသနာတော်နှစ် ၂၅၆၅ နှစ် ပြည့်‌ပြီး ၂၅၆၆ နှစ်သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူနိုင်ငံသားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့)(၁၄-၅-၂၀၂၂)ရက်၊ စနေနေ့၊ နံနက် ၆ နာရီ နေ့ထူးနေ့မြတ် အခါသမယတွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် (၁၀၂၆၄)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ လောင်းလှူပွဲ အခမ်းအနားကို မန္တလေး နန်းမြို့ရိုး လေးပြင်လေးရပ် ကျုံးအရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုသိရသည်။

ကိုခန့်

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/22/622f39460a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 21, 2022 10:19 上午
下一篇 5月 23, 2022 12:58 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....