- 2022-05-27 23:06:00
- fitc Kaungkaung
Summary : ပြီးခဲ့သည့်ရက်ပိုင်းက ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁၈)ခု၊ ကြေးတံဆိပ်(၃၅)ခု စုစုပေါင်းဆုတံဆိပ် (၆၂)ခုဆွတ်ခူးရရှိခဲ့ပါသည်။
တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခဲ့ကြသည့် မြန်မာနိုင်ငံ အားကစားသမား ၇၉ ဦးသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိခဲ့
ပြီးခဲ့သည့်ရက်ပိုင်းက ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁၈)ခု၊ ကြေးတံဆိပ်(၃၅)ခု စုစုပေါင်းဆုတံဆိပ် (၆၂)ခုဆွတ်ခူးရရှိခဲ့ပါသည်။
၎င်းတို့အနက် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အကူအညီပေးသည့် အားကစားနည်းပညာစီမံကိန်းတွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မှု ခံယူခဲ့ကြသည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ ၆ ဖွဲ့မှ အားကစားသမား ၇၉ ဦးသည် ဝူရှူး၊ ကယက်လှေလှော်၊ ကနူးလှေလှော်၊ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့ စသည့်အားကစားနည်းများတွင် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိခဲ့ကြောင်း တရုတ်သံရုံးက မေလ(၂၆)ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့အတူ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မှုပြုလုပ်ခဲ့ကြသော အားကစားသမား ၃ ဦး သည်လည်း ဝူရှူးအတိုက် အားကစားနည်းတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။
၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာအားကစားအဖွဲ့သည် တရုတ်နိုင်ငံ၌ လေ့ကျင့်မှု ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် နည်းပြများဖြင့် အဝေးမှနည်းပြပေးပြီး မြန်မာအားကစားသမားများကို ပြိုင်ပွဲအကြို လေ့ကျင့်ပေးကာ အားကစားသမားများ၏ တရုတ်နိုင်ငံ၌ လေ့ကျင့်ခဲ့သည့် ရလဒ်များကို အားကောင်းစေရန် ကူညီပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/27/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%81%87%e1%81%89%e1%80%a6%e1%80%b8%e1%80%86/