ချည်မျှင်ရှည်ဝါသီးနှံကိုဧက(၈၁၀၀၀)ကျော်စိုက်ပျိုးမည်

2022-05-27 23:05:00
 fitc Zanhtooko
Original  94
Summary : ချည်မျှင်ရှည်ဝါသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧက(၈၁၀၀၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦး ထံမှသိရသည်။

ချည်မျှင်ရှည်ဝါသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧက(၈၁၀၀၀)ကျော် စိုက်ပျိုးသွားမည်

ချည်မျှင်ရှည်ဝါသီးနှံကိုဧက(၈၁၀၀၀)ကျော်စိုက်ပျိုးမည်

ချည်မျှင်ရှည်ဝါသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧက(၈၁၀၀၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦး ထံမှသိရသည်။

“ချည်မျှင်ရှည်ဝါသီးနှံဟာ ပြည်တွင်းအဝတ်အထည် ဖူလုံရေးနဲ့ စက်မှုကုန်ကြမ်းအတွက် အဓိကအရေးကြီးတဲ့ သီးနှံဖြစ်ပါတယ်။ ရာသီဥတုဒဏ်ခံနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသတွေအတွက်လည်း ကိုက်ညီတယ်။ ဝါကို သီးသန့်အပြင် ပဲတီစိမ်း၊ ပြောင်းစတဲ့ သီးနှံတွေနဲ့လည်း သီးညှပ်အဖြစ် စိုက်ပျိုးနိုင်တယ်။ တောင်သူတွေ ဝင်ငွေပိုရနိုင်တယ်။ ဌာနက ထုတ်လုပ်ထားတဲ့ ဝါမျိုးသစ်တွေဟာ အပင်ပြုစုမှုကောင်းရင် ကောင်းသလို တစ်ဧက ပိသာ(၄၀၀)က ပိသာ(၁၀၀၀)ကျော်အထိ ထွက်နိုင်တဲ့အတွက် တောင်သူတွေ အကျိုးအမြတ်ရနိုင်တဲ့ သီးနှံဖြစ်ပါတယ်”ဟု ဒေါက်တာတင်မာမာဦး ကပြောသည်။

ချည်မျှင်ရှည်ဝါသီးနှံကိုဧက(၈၁၀၀၀)ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝါသီးနှံဧကများ တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ရာ စိုက်ပျိုးသည့်အခါ ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းရာသီများတွင် ရာသီအလိုက် ခွဲစိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါ ဧက (၆၀၉၀၀)၊ ဝါကြီးဧက(၅၈၀၀)၊ မလှိုင်ဝါဧက(၁၅၁၀၀) စုစုပေါင်း(၈၁၈၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။ အထွက်နှုန်းအနေဖြင့် ဝါမျိုးစုံ တစ်ဧကကို (၄၃၆)ပိသာနှုန်းထွက်ရှိရန် ခန့်မှန်းထားကြောင်း သိရသည်။

စျာန်ထူးကို

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/27/%e1%80%81%e1%80%bb%e1%80%8a%e1%80%ba%e1%80%99%e1%80%bb%e1%80%be%e1%80%84%e1%80%ba%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%9d%e1%80%ab%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b6%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 27, 2022 4:44 下午
下一篇 5月 27, 2022 4:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....