- 2022-05-27 23:01:00
- fitc Zanhtooko
- Original 95
နယ်မြို့များ၏ ပန်းချီစျေးကွက် အွန်လိုင်းမှထိုးဖောက်ရာ ပြည်တွင်းဝယ်ယူသူများ တိုးလာ
နယ်မြို့များ၏ ပန်းချီစျေးကွက်ရှိ ပန်းချီဆရာများအနေဖြင့် စျေးကွက်ကို အွန်လိုင်းဖြင့် ထိုးဖောက်ရောင်းချနေရရာ ပြည်တွင်းမှ ဝယ်ယူသူများ တိုးလာကြောင်း မုံရွာမြို့နေ ချင်းတွင်းရေကြည် ပန်းချီဆရာ မောင်မောင်စန်း ထံမှသိရသည်။
“အရင်က နိုင်ငံခြားသား အားကိုးပြီး ဒေါ်လာနဲ့ပဲ ရောင်းကြတယ်။ မင်းကွန်းတို့ ပုဂံတို့က ရောင်းကြရတာပေါ့။ အခုတော့ ဗမာတွေက ဝယ်လာကြပြီဆိုတော့ ဗမာစျေးနဲ့ ရောင်းရတာမဆိုးဘူးပေါ့ဗျာ။ ကွက်သဘောသိလာတော့ နိုင်ငံခြားသားမလာလဲ ကိစ္စမရှိဘူး”ဟု ဆရာမောင်မောင်စန်း ကပြောသည်။
ယခင်ကပန်းချီကားများ ရောင်းကောင်းခဲ့သော်လည်း ကိုဗစ်ကြောင့် မရောင်းရသည်အထိ ဖြစ်ခဲ့ရာ နှစ်စဥ်တစ်နှစ်လျှင် ကျပ်၁၀သိန်းဖိုးခန့် ရောင်းခဲ့ရရာမှ ၂၀၂၀ ခုက တစ်နှစ်လုံးမှ ကျပ်၁သိန်း၇သောင်းဖိုးသာ ရောင်းခဲ့ရကြောင်း ဆရာမောင်မောင်စန်း ကပြောသည်။
လက်ရှိကာလတွင် မုံရွာမြို့နေ ကိုချစ်ခိုင်က Monywa Gallary Art အွန်လိုင်းပန်းချီပြခန်း ထူထောင်၍ မုံရွာမြို့မှ ပန်းချီဆရာများ၏ ပန်းချီကားများကို ရောင်းချပေးရာ အရောင်းပြန်ဖြစ်လာကြောင်း သိရသည်။
“ကိုချစ်ခိုင်နဲ့နွယ်ပြီး ရောင်းလိုက်ရတာ ပန်းချီကား ၃၅ကား (သိန်း၂၀)လောက် ရောင်းလိုက်ရပါတယ်” ဟု ဆရာမောင်မောင်စန်း ကပြောသည်။
မုံရွာမြို့တွင် ပန်းချီဆွဲနေသူ ၂၅ ဦးခန့်တွင် ၅ဦး ၆ဦးခန့် ပန်းချီကား အရောင်းလိုက်သည့်အတွက် စျေးကွက်ပီပြင်ကာ ဝင်ငွေရနေကြောင်း သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/27/%e1%80%94%e1%80%9a%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8f%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%80%85%e1%80%bb/