- 2022-05-31 17:26:00
- fitc Myathukha
- Original 44
တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် တရုတ် ချုံချင့်မှ ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများ ချင်းရွှေဟော် နယ်စပ်ဂိတ်ကတစ်ဆင့် ကားများဖြင့် မြန်မာပြည်တွင်းသို့ဝင်ရောက်
တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများသည် မေလ ၂၈ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ် ချင်းရွှေဟော်ဂိတ် မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းကြောင်းသစ်အသုံးပြုသည့် ကုန်ပို့ရထားသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ချုံချင့်မြို့ရှိ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ မေလ (၂၃)ရက်က စတင်ထွက်ခွာခြင်းဖြစ်ပြီး မေလ (၂၈)ရက်နေ့တွင် ယူနန်ပြည်နယ် လင်ဆောင်းမြို့ ချင်းရွှေဟော်နယ်စပ်ဂိတ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ချင်းရွှေဟော်နယ်စပ်တွင် ကုန်းလမ်းဖြင့် ချိန်းပြောင်း ပို့ဆောင်လာသည့် ကုန်ပစ္စည်းများမှာ စက်ယန္တရားများ၊ အီလက်ထရွန် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများအပါအဝင် စုစုပေါင်း ကုန်သေတ္တာ ၆၀ ပါရှိပြီး ဇွန်လ ၁၀ ရက်နေ့နောက်ဆုံး မန္တလေးမြို့သို့ ရောက်ရှိမည် ဖြစ်သည်။
အဆိုပါတရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေး လမ်းကြောင်းသစ်သည် သမားရိုးကျလမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ပို့ဆောင်ချိန်ကို ရက်ပေါင်း ၂၀ သက်သာစေနိုင်ပြီး ပို့ဆောင်ရေးကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်ကြောင်း သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/01/%e1%80%81%e1%80%bb%e1%80%af%e1%80%b6%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b7%e1%80%99%e1%80%be%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba/