စစ်ကိုင်းတိုင်းတွင်တရားမဝင်ကုန်သွယ်မှု(၄၄)မှုဖမ်းမိ

 2022-05-31 17:10:00
 fitc Zanhtooko
Original  25
Summary : စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂ခုနှစ်၊ ဧပြီလတွင် တရားမဝင် ကုန်သွယ်မှု(၄၄)မှု ဖမ်းဆီးရမိပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း(၁၄၇၀)ကျော် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂ခုနှစ်၊ ဧပြီလတွင် တရားမဝင် ကုန်သွယ်မှု(၄၄)မှု ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းတွင်တရားမဝင်ကုန်သွယ်မှု(၄၄)မှုဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂ခုနှစ်၊ ဧပြီလတွင် တရားမဝင် ကုန်သွယ်မှု(၄၄)မှု ဖမ်းဆီးရမိပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း(၁၄၇၀)ကျော် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးထံမှ သိရသည်။

“၂၀၂၂ခုနှစ်၊ ဧပြီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ တရားမဝင် ကုန်သွယ်မှုဖမ်းဆီးရရှိမှုက (၄၄)မှု ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း (၁၄၇၀)ကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ နယ်စပ်စခန်းအနေနဲ့ တမူးကုန်သွယ်ရေးစခန်းတစ်ခုသာရှိပြီး တရားဝင်ကုန်သွယ်တဲ့ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၈၀၃) သန်းနဲ့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၈)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂.၀၃၁)သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ဗိုလ်မှူးကြီး ဝင်းတင်စိုးကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မေလ(၂၇)ရက် နံနက် (၉) နာရီကကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားတွင် ဗိုလ်မှုးကြီးဝင်းတင်စိုးက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းတွင်တရားမဝင်ကုန်သွယ်မှု(၄၄)မှုဖမ်းမိစစ်ကိုင်းတိုင်းတွင်တရားမဝင်ကုန်သွယ်မှု(၄၄)မှုဖမ်းမိ

တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို မေလ (၉)ရက်မှ မေလ(၂၀) ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်အကြာ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်-၅၂တွင် ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။

စျာန်ထူးကို

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/01/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%90%e1%80%9b%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 1, 2022 11:41 上午
下一篇 6月 1, 2022 11:46 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....