တရုတ်မှလှူဒါန်းသည့်Covid-19 Vaccineလွှဲပြောင်းပေးအပ်

022-05-31 17:20:00
 fitc Myathukha
Original  43
Summary : တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ Vaccine ၁၀ သန်း၊ Vaccine ဆေးထိုးအပ် ၁၃ သန်းနှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) နှစ်စီးတို့ပါဝင်သည့် ကိုဗစ်-၁၉ Vaccine နှင့်ဆေးကုသရေးပစ္စည်းများ ဖြစ်သည့် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား မေလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ Vaccine နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကျင်းပ

တရုတ်မှလှူဒါန်းသည့်Covid-19 Vaccineလွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ Vaccine ၁၀ သန်း၊ Vaccine ဆေးထိုးအပ် ၁၃ သန်းနှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) နှစ်စီးတို့ပါဝင်သည့် ကိုဗစ်-၁၉ Vaccine နှင့်ဆေးကုသရေးပစ္စည်းများ ဖြစ်သည့် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား မေလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai တို့ တက်ရောက်ခဲ့ကြသည်။

တရုတ်မှလှူဒါန်းသည့်Covid-19 Vaccineလွှဲပြောင်းပေးအပ်တရုတ်မှလှူဒါန်းသည့်Covid-19 Vaccineလွှဲပြောင်းပေးအပ်

သံအမတ်ကြီး Mr. Chen Hai က ယခုအကြိမ်လှူဒါန်းမှုသည် တရုတ်နိုင်ငံက မြန်မာပြည်သူတစ်ရပ်လုံးအတွက် မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား ဆက်တိုက်အကူအညီပေးအပ်သည့် နောက်ထပ်အရေးကြီးလုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထပ်မံပြသခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အပါအဝင် မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ Vaccine ၊ အောက်ဆီဂျင်အရည် စသည့် ပစ္စည်းအကူအညီ အများအပြားပေးအပ်သည့်အပြင် သမ္မတ Mr. Xi Jinping ၏ “တရုတ်-အာဆီယံ ကျန်းမာရေးအကာအကွယ်ဒိုင်း” ပူးပေါင်းဆောင်ရွက်ရေးအဆိုပြုချက်ကို ထပ်ဆင့် အကောင်အထည်ဖော်ဆောင်ကာ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်၍ Vaccine ပုလင်းသွင်းဖြည့်တင်း ထုတ်လုပ်နိုင်ရန် အကူအညီပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ Vaccine ထိုးနှံမှုနှုန်းကို မြှင့်တင်နိုင်ရန် ကူညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံပြည်တွင်း၌ကပ်ရောဂါအခြေအနေကို ထိရောက်စွာထိန်းချုပ်နိုင်ပြီး ပြည်သူလူထုထုတ်လုပ်မှုနှင့် လူနေမှုဘဝတဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခြင်းကို မိမိတို့ဝမ်းမြောက်ဖွယ်တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က ထို့အပြင် တရုတ်နိုင်ငံကအခက်အခဲများကိုကျော်လွှားပြီး တရုတ်နိုင်ငံအထောက်အပံ့ဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး ဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန စီမံကိန်း တည်ဆောက်ရေးကို ဆက်တိုက်တွန်းအားပေးဖော်ဆောင်နေကြောင်း၊ နှစ်ဦးနှစ်ဖက်အကြား တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် တည်ဆောက်သည့် တိရိစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း Exchange Letter တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်-မြန်မာနယ်စပ် ငှက်ဖျားရောဂါကင်းစင်ရေး စီမံကိန်းကိုလည်း ဖော်ဆောင်ရန် စီစဉ်ထားကြောင်း၊ အဆိုပါအစီအမံများကမြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ရေးနှင့် အရေးကြီးပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား တုံ့ပြန်နိုင်စွမ်းအားကောင်းလာစေရန် အကူအညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံက “Zero-COVID” အထွေထွေမူဝါဒကို လက်ကိုင်စွဲခြင်းသည် တရုတ်ပြည်သူများအပေါ်  တာဝန်ယူခြင်းဖြစ်ပြီး ကမ္ဘာကြီးအတွက် တာဝန်ထမ်းရွက်ခြင်းလည်း ဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဆက်လက် ကောင်းမွန်စွာဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ကာ နှစ်နိုင်ငံစီးပွားရေးနဲ့ ပြည်သူလူထုဘဝတည်ငြိမ်ရေးတို့အတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်းဝင်းက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ Vaccine ၊ ဆေးဝါး ၊ ဆေးထိုးအပ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) ၊ ရွေ့လျားဓာတ်ခွဲခန်း၊ လူနာတင်ယာဉ်စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းနှင့် စက်ပစ္စည်းအများအပြား လှူဒါန်းပေးအပ်ခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအကြိမ် တရုတ်နိုင်ငံမှလှူဒါန်းသည့် Vaccine များအား မြန်မာနိုင်ငံ လူငယ်နှင့်ကလေးသူငယ်များအတွက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) နှစ်စီးအား နယ်စပ်ဂိတ်များတွင် ဦးစားပေးထားရှိအသုံးပြုမည်ဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့၍ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အသုံးဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်မှု ဗဟိုဌာန Myanmar Center of Disease Control (CDC) တည်ဆောက်ပြီးစီးပါက ဒေသတွင်းသာမက အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု စင်တာတစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုအား အထောက်အကူပြု၍ နှစ်နိုင်ငံကျန်းမာရေးနှင့် လူမှုစီးပွား ညီမျှစွာဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့က လွှဲပြောင်းပေးအပ်သည့် သက်သေခံလက်မှတ်အား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ပြီး မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်အား အတူတကွလေ့လာခဲ့ကြသည်။

ယနေ့အထိ တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် Vaccine ပမာဏစုစုပေါင်း ၅၁.၁၉ သန်းရှိပြီး မြန်မာနိုင်ငံမှလက်ခံရရှိထားသော Vaccine စုစုပေါင်း၏ ၆၇.၄% ရှိသည်။ ၎င်းတို့အနက် Vaccine ၂၁.၁ သန်းသည် အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လက်ခံရရှိထားသော လှူဒါန်းပေးအပ်သည့် Vaccine ၏ ၇၀% ရှိသည်။ Vaccine ၃၀.၀၉ သန်းကမူ သက်သာသောစျေးနှုန်းဖြင့် မြန်မာနိုင်ငံကိုထောက်ပံ့ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။

မြသုခ

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/01/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%9c%e1%80%be%e1%80%b0%e1%80%92%e1%80%ab%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%bacovid-19-vaccine%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 1, 2022 11:38 上午
下一篇 6月 1, 2022 11:41 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....