- 2022-05-27 22:57:00
- fitc Myathukha
- Original 192
တရုတ်-မြန်မာ ရထားလမ်းကြောင်းသစ် (ချုံချင့်-လင်ဆောင်း-မြန်မာ) တရားဝင် စတင်
တရုတ်-မြန်မာ ရထားလမ်းကြောင်းသစ်(ချုံချင့်-လင်ဆောင်း-မြန်မာ)ကို မေလ ၂၃ ရက်နေ့က တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း CRI Myanmar သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ ရထားလမ်းကြေင်းသစ်ကို အသုံးပြုကာ တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ မီးရထားသည် တရုတ်ပြည် ချုံချင့်မြို့ ကိုယွမ်ကိတ် ယွီဇွေ ဘူတာရုံမှ ထွက်ခွာခဲ့ပြီး
စက်ယန္တရားများ၊ အီလက်ထရွန်နစ်စက်ကိရိယာများ၊ မော်တော်ဆိုင်ကယ် စက်ကိရိယာများနှင့် အခြားကုန်ပစ္စည်းများ အပါအဝင် TEU(Transmission Extension Unit)60 ခု သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါအပြည်ပြည်ဆိုင်ရာရထားသည် ယူနန်ပြည်နယ် လင်ဆောင်း နယ်စပ်စခန်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာသွားမည်ဖြစ်ပြီး ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မြသုခ
Photo Credit: CRI Myanmar
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/01/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%9b%e1%80%91%e1%80%ac%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc-2/