ထိပ်စအရည်အသွေးကြက်သွန်များစျေးမြင့်တက်လာ

2022-05-31 17:04:00
 fitc SNK
Original  26
Summary : ပြည်တွင်း ဈေးကွက်တွင် ကြက်သွန်(ထိပ်စ)များကို လှောင်လက်ကုန်သည်အချို့၏ ဝယ်ယူမှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြက်သွန် အမျိုးအစားအလိုက် တစ်ပိသာလျှင် ၁၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာကြောင်း သိရသည်။

ပြည်တွင်းလှောင်လက် ဝယ်ယူမှုများကြောင့် ထိပ်စ အရည်အသွေး ကြက်သွန်များ စျေးမြင့်တက်လာ

ထိပ်စအရည်အသွေးကြက်သွန်များစျေးမြင့်တက်လာ

ပြည်တွင်း ဈေးကွက်တွင် ကြက်သွန်(ထိပ်စ)များကို လှောင်လက်ကုန်သည်အချို့၏ ဝယ်ယူမှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြက်သွန် အမျိုးအစားအလိုက် တစ်ပိသာလျှင် ၁၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာကြောင်း သိရသည်။

ယခုနှစ်တွင် ကြက်သွန်အထွက်နှုန်းနည်းခဲ့ပြီး သင်္ကြန်ရက်ပိုင်းက မိုးထိခဲ့သဖြင့် ပျက်စီးမှုများရှိ၍ ပစ္စည်းကောင်းရှားသောကြောင့် လှောင်ထားရန်ကောင်းမွန်သည့် ကြက်သွန်ထိပ်စကို လှောင်လက်အချို့ ဝယ်ယူလာကြသည်ဟု ဦးမောင်ဦး (ကောင်းမွန်ကြက်သွန်ပွဲရုံ) ကပြောသည်။

ထိပ်စအရည်အသွေးကြက်သွန်များစျေးမြင့်တက်လာ

“စားသုံးသူဝယ်လိုအားက လက်လီကသိပ်မရှိဘူး။ လှောင်လက်တချို့က ရှေ့လာမယ့် ဈေးကွက်မှာ ၁၀၀၀ လောက် ဖြစ်နိုင်မယ်ခန့်မှန်းပြီး ပစ္စည်းကောင်းလဲရှားလို့ ထိပ်စကြက်သွန်တွေကို ဝယ်ရာက ဈေးလှုပ်လာတယ်။ ပြည်ပ အဝယ်မလိုက်မချင်း ဈေးမတက်နိုင်ဘူး”ဟု ၎င်းကပြောသည်။

လက်ရှိ ဈေးကွက်မှ ကြက်သွန်ဈေးနုန်းများမှာ ထိပ်စမှာ ၇၅၀-၈၀၀ ဝန်းကျင်၊ မိုးမိချေးကပ်ကြက်သွန်များမှာ ၅၀၀-၆၈၀ ဝန်းကျင် ရှိကြောင်း၊ ယမန်နှစ်က အမြင့်ဆုံးဈေးမှာ တစ်ပိသာ ၄၅၀ ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် အထွက်နှုန်းထက်ဝက်ခန့်ကျဆင်းကာ ပစ္စည်းကောင်းရှားနေပြီး ပြည်ပ ဝယ်ယူမှုရှိလာပါက ထပ်မံ၍ဈေးမြင့်လာနိုင်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကိုဗစ် ရောဂါကူးစက်မှု မတိုင်မီက ကြက်သွန်ကိုနိုင်ငံခြားသို့ တငိပို့မှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တင်ပို့နိုင်ခြင်းမရှိသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/01/%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%85%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%a1%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 1, 2022 11:46 上午
下一篇 6月 2, 2022 4:21 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....