GW-11မျိုးစပါးစိုက်ပျိုးထုတ်လုပ်နေမှုတောင်သူများလေ့လာ

2022-05-31 17:06:00
 fitc SNK
Original  26
Summary : စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11 မျိုးစပါး စိုက်ပျိုးထုတ်လုပ်မှုများကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ တောင်သူကိုယ်စားလှယ်များက မေ ၂၅ ရက် နေ့နံနက်ပိုင်းက မန္တလေးမြို့ ၇၃လမ်းနှင့် ၁၀၀လမ်းမကြီးထောင့်ရှိ ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11မျိုးစပါး စိုက်ပျိုးထုတ်လုပ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးမှ တောင်သူများ လာရောက်လေ့လာ

 GW-11မျိုးစပါးစိုက်ပျိုးထုတ်လုပ်နေမှုတောင်သူများလေ့လာ

စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11 မျိုးစပါး စိုက်ပျိုးထုတ်လုပ်မှုများကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ တောင်သူကိုယ်စားလှယ်များက မေ ၂၅ ရက် နေ့နံနက်ပိုင်းက မန္တလေးမြို့ ၇၃လမ်းနှင့် ၁၀၀လမ်းမကြီးထောင့်ရှိ ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

GW-11 အထွက်နှုန်းမြင့် မျိုးစပါးကို မကြာမီက နေပြည်တော်တွင် စံကွက်ရိတ်သိမ်းမှု အပြီး  ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်၊ ဥက္ကံ၊ တော်လတီ စသည့် ကျေးရွာများမှာ စပါးစိုက်တောင်သူကြီးများက လာရောက်လေ့လာရာ GW-11 စပါးမျိုးမှာ အပင် သက်တမ်း ၁၁၀ ရက် ကြာမြင့်သဖြင့် နွေစပါး၊မိုးစပါး နှစ်မျိုးစလုံး စိုက်ပျိုးနိုင်သည်။

GW-11မျိုးစပါးစိုက်ပျိုးထုတ်လုပ်နေမှုတောင်သူများလေ့လာ

အပင်ပေါက်ရာခိုင်နှုန်းမြင့်မားသလို ပင်ပွှားနှုန်းလည်းကောင်းမွန်ခြင်းကြောင့် တစ်ဧက အောင်နှံ ဆယ်နှစ်သိန်း၊ အောင်စေ့ရာခိုင်နှုန်း ၈၅ရာခိုင်နှုန်းကျော် ဖြစ်ခြင်းကြောင့် တစ်ဧက အထွက်နှုန်း ၁၅၀-၁၆၀ ကျော်ထွက်ရှိကြောင်း တစ်ဧက စိုက်ပျိုးစရိတ်မှာ ရိတ်သိမ်းအထိ ကျပ် ၄၀၀၀၀၀ ကျော်သာ ဒေသစပါးမျိုးများနှင့် အတူတူကုန်ကျသော်လည်း စပါးတင်းပိုမိုထွက်ရှိခြင်း စပါးဈေးကောင်း ရရှိခြင်းတို့ကြောင့် တစ်ဧက အကျိုးအမြတ် ၄သိန်းခွဲခန့် ရရှိကြောင်းကို မှတ်တမ်းများနှင့်တကွ စိုက်ပျိုးရေးပညာရှင်က ရှင်းပြသည်။

စပါးစိုက်တောင်သူများအတွက် ၂၀၂၅ခုနှစ်တွင် အထွက်နှုန်းမြင့် GW-11စပါးမျိုး ဧက ခြောက်သိန်းထိ  စိုက်ပျိုးနိုင်ရန် မျိုးစပါးစိုက်တောင်သူများနှင့် မျိုးစပါးတိုးချဲ့ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နှစ်အလိုက် မျိုးစပါးထုတ်လုပ်နေမှု အခြေအနေများကို လေ့လာရေးလာတောင်သူများကို ရှင်းပြသည်။

GW-11မျိုးစပါးကို ၂၀၂၁ခုနှစ်တွင် ဧရာဝတီတိုင်းတွင် စတင်ဖြန့်ဖြူးစိုက်ပျိုးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပဲခူးတိုင်းအနောက်ပိုင်းတွင် စိုက်ပျိုးခဲ့ရာ တောင်သူများအနေဖြင့် GW-11  မျိုးစပါးပိုမိုရောင်းချပေးနိုင်ရန် တောင်းဆိုမှုများရှိလာတာကြောင်း၊ ယခုနှစ်တွင် GW—11 စပါးစိုက်ပျိုးဧက ၂သိန်း၅သောင်း အတွက် မျိုးစပါးရရှိရေးအတွက် နွေစပါး၊မိုးစပါး နှစ်သီးစိုက်ပျိုးပြီး ထုတ်လုပ်ပေးနေကြောင်း လာမည့် ၂၀၂၅ ခုနှစ်တွင် GW-11 စပါးမျိုး ဧက ၆သိန်း စိုက်ပျိုးနိုင်ရန် မျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က နေပြည်တော်တွင် ဧက ၈၀၀၊ ပဲခူးတိုင်းအုတ်တွင်း တွင် ဧက ၄၀၀ ကို နွေစပါး၊မိုးစပါး စိုက်ပျိုးပြီး မျိုးစပါးထုတ်လုပ်ခဲ့ရာ GW—11စပါး စိုက်ဧက ၁၂၀၀၀၀ အတွက် ဖြန့်ဖြူးနိုင်ခဲ့ကြောင်း   ဂရိတ်ဝေါလ်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင် က ပြောသည်။

“GW-11 အထွက်နှုန်းမြင့် မျိုးစပါးကို ၂၀၂၁ ခုနှစ်က စတင်ပြီး နေပြည်တော်၊ ပဲခူး ဒေသတွေမှာ နွေစပါး၊မိုးစပါး တစ်နှစ် နှစ်သီးနဲ့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ GW-11  စပါးမျိုး ဧက ခြောက်သိန်းထိ စိုက်ပျိုးနိုင်အောင် မျိုးစပါးစိုက်တောင်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ဒီစပါးမျိုးက အထွက်နှုန်းကောင်း စပါးမျိုးဖြစ်တော့ ယခုလို စက်သုံးဆီဈေးတွေ ကြီးမြင့်ချိန် သွင်းအားစု မြေသြစာဈေးတွေ မြင့်နေတာတောင် တစ်ဧက တင်း ၁၂၀ ကျော် ၁၅၀ လောက် ထွက်တော့ အနည်းဆုံး တစ်ဧက ၄-၅ သိန်း အကျိုးအမြတ်ကျန်လို့ တွက်ခြေကိုက်တဲ့စပါးမျိုးပါ“ဟု ၎င်းကပြောသည်။

ထို့ပြင် လာရောက်လေ့လာသည့် တောင်သူများကို GW11 စပါးမျိုးများ ထုတ်လုပ်နေမှုများနှင့် အဲဗားဂရင်းမြက်နှင့် ပြည်လုံးချမ်းသာ ရောနှောသစ်တောစိုက်ခင်း စိုက်ပျိုးထားရှိမှုကိုလည်း ရှင်းလင်းပြသခဲ့ပြီး စစ်ကိုင်းမြို့ စက်မှုဇုံရှိ အထပ်သားထုတ်လုပ်နေမှု၊ သြဂဲနစ်ကွန်ပေါင်းဓာတ်မြေသြစာ ထုတ်လုပ်နေမှုများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/01/gw-11%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%95%e1%80%ab%e1%80%b8%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 1, 2022 11:45 上午
下一篇 6月 1, 2022 11:48 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....