မြန်မာ့ထောပတ်သီးပြည်ပတင်ပို့နိုင်ခြင်းမရှိသေး

2022-06-02 16:15:00
 fitc SNK

Summary : မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများကြောင့် ဈေးကွက်အလားအလာကောင်းများ ရှိနေသော်လည်း ပြည်တွင်းဈေးကွက် ဝယ်လိုအားကို လုံလောက်အောင် ဖြည့်ဆည်းနေရသဖြင့် ၂၀၂၁ ခုနှစ်က ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက်ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ခြင်းမရှိသေးကြောင်းသိရ

မြန်မာ့ထောပတ်သီးပြည်ပတင်ပို့နိုင်ခြင်းမရှိသေး
မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများကြောင့် ဈေးကွက်အလားအလာကောင်းများ ရှိနေသော်လည်း ပြည်တွင်းဈေးကွက် ဝယ်လိုအားကို လုံလောက်အောင် ဖြည့်ဆည်းနေရသဖြင့် ၂၀၂၁ ခုနှစ်က ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

လာမည့်ထောပတ်သီးရာသီ အောက်တိုဘာလ နောက်ပိုင်းတွင် မြန်မာ့ထောပတ်သီးများဈေးကွက်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်က ခြံအရောက်ဝယ်ဈေး တစ်ကီလို ၄၀၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသူမှ တစ်ကီလို ၆၀၀၀ ကျပ်ဈေးရှိကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးမင်းကပြောသည်။

“ပြည်ပနိုင်ငံတွေက ထောပတ်သီးဝယ်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေတယ်။ ပြည်တွင်းဝယ်လိုအား ကောင်းနေတော့ မနှစ်ကဆိုရင် စင်ကာပူနဲ့ ဒူဘိုင်းကို မပို့နိုင်ခဲ့ဘူး။ နောက်လာမယ့် ၃ နှစ်လောက်ဆိုရင် ပြည်တွင်းဈေးကွက်ကနေ ပိုလျှံလာမှာဖြစ်လို့ ပြည်ပဈေးကွက် ပိုမိုရရှိရေးနဲ့ တင်ပို့နိုင်ဖို့ စတင် ပြင်ဆင်နေပါပြီ”ဟု ၎င်းကပြောသည်။

ပြည်ပဈေးကွက်တွင် မြန်မာ့ထောပတ်သီးတင်ပို့နိုင်ရန်မှာ ပြည်တွင်းဈေးကွက်မှ ပိုလျှံမှသာ တင်ပို့နိုင်မည် ဖြစ်၍ အသင်းအနေဖြင့် ထိုင်းနိုင်ငံပြပွဲသို့ သွားရောက်ပြသခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှလည်း လာရောက်ပြသရန် ဖိတ်ခေါ်မှုရှိခဲ့သော်လည်း သွားရောက်ပြသင့်/မသင့်ကို ၎င်းတို့အသင်းမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ်းလှမ်းတဲ့အဆင့်ဆိုတာက အရောင်းအဝယ်ဖြစ်တာ မဟုတ်သေးဘူး။ ဂျပန်ကလည်း သူတို့ဆီလာပြသဖို့ ကမ်းလှမ်းမှုတွေရှိတယ်။ သွားပြသင့်မပြသင့် ဆုံးဖြတ်ဖို့လုပ်နေတယ်။ ခုလာမယ့် ထောပတ်သီးရာသီမှာ ထိုင်းနဲ့ နယ်သာလန်ပို့ဖို့ အသင်းက ဆုံးဖြတ်ထားပါတယ်။ ပြည်တွင်းမှာ ဝယ်လိုအားကောင်းတာကြောင့် ပြည်ပကို ကောင်းကောင်းမပို့နိုင်သေးဘူး”ဟု ဆက်လက်ပြောကြားသည်။

မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက်နေရာရရှိရေးအတွက် စိုက်ပျိုးတောင်သူများမှ စနစ်တကျနှင့် အရည်အသွေးပိုင်း ထိန်းသိမ်းနိုင်ရန်လိုအပ်ပြီး နှစ်စဉ်ပြည်ပဈေးကွက်သို့ တင်ပို့မှုမှာ ထိုင်းနှင့်တရုတ်နိုင်ငံသို့ အများဆုံးဖြစ်၍ တစ်နှစ်လျှင် တန်ချိန် တစ်သောင်းခွဲခန့်ရှိကြောင်းသိရသည်။

ရွှေနွယ်ကြိုး

မြန်မာ့ထောပတ်သီးပြည်ပတင်ပို့နိုင်ခြင်းမရှိသေး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/02/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%91%e1%80%b1%e1%80%ac%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 1, 2022 11:48 上午
下一篇 6月 2, 2022 4:25 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....