My Story with China ရုပ်ပုံဖြင့်ဖော်ပြရန် ဖိတ်ခေါ်

2022-06-02 16:12:00
 fitc Myathukha
Original  0
Summary : ဇွန်လ ၈ ရက်နေ့တွင် ကျရောက်မည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက My Story with China “တရုတ်နိုင်ငံနှင့် ရေစက်ဆုံခြင်း – ရုပ်ပုံဖြင့် မိမိနှင့် တရုတ်နိုင်ငံကြောင်းကို ပြောပြခြင်း” ခေါင်းစဉ်ဖြင့် အစီအစဉ်တစ်ခုကို Facebook တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

မိမိနှင့် တရုတ်နိုင်ငံအကြား ရေစက်ဆုံပုံကို ဖေ့ဘုတ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြပြီးပါဝင်နိုင်ရန် တရုတ်သံရုံးက ဖိတ်ခေါ်

My Story with China ရုပ်ပုံဖြင့်ဖော်ပြရန် ဖိတ်ခေါ်
ဇွန်လ ၈ ရက်နေ့တွင် ကျရောက်မည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက My Story with China “တရုတ်နိုင်ငံနှင့် ရေစက်ဆုံခြင်း – ရုပ်ပုံဖြင့် မိမိနှင့် တရုတ်နိုင်ငံကြောင်းကို ပြောပြခြင်း” ခေါင်းစဉ်ဖြင့် အစီအစဉ်တစ်ခုကို Facebook တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် မိမိနှင့်တရုတ်နိုင်ငံအကြား ရေစက်ဆုံပုံကို ရုပ်ပုံတစ်ပုံဖြင့် ဖော်ပြရန် မြန်မာမိတ်ဆွေများကို ဖိတ်ခေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း၊ ပညာတော်သင်သွားရောက်ခြင်း၊ အလုပ်လုပ်ခြင်း၊ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်း တို့အပြင် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ် ဖတ်ရှုခြင်း၊ တရုတ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကြည့်ရှုခြင်း၊ တရုတ်သူငယ်ချင်းတစ်ဦးနှင့် မိတ်ဆွေဖွဲ့ခြင်း စသဖြင့် မိမိနှင့်တရုတ်နိုင်ငံအကြား ရေစက်ဆုံခဲ့ပုံကို သရုပ်ဖော်နိုင်သည်။

အစီအစဉ်တွင် ပါဝင်သူများက ရုပ်ပုံနှင့် စာသားတို ပေါင်းစပ်ပြီး #My_Story_with_China hashtag တွဲကာ မိမိ၏ Facebook account ၌ တင်ပြီး @Chinese Embassy in Myanmar ကို mention ခေါ်၍ ပါဝင်နိုင်ပြီး အီးမေးလ်လိပ်စာ chinaembpicture@gmail.com ကိုလည်း ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။

တရုတ်သံရုံးက ပါဝင်သူများထဲမှ ၇၂ ဦးကို ရွေးချယ်၍ လက်ဆောင်မွန်များ ပေးအပ်သွားမည် ဖြစ်ကာ တရုတ်သံရုံးက ဇွန်လ ၈ ရက်နေ့ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်ပတ်လည်နေ့၌ ထူးချွန်လက်ရာများကို Facebook တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/02/my-story-with-china-%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%95%e1%80%bc%e1%80%9b%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 2, 2022 4:21 下午
下一篇 6月 2, 2022 4:27 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....