ဆည်တော်ကြီးရေလှောင်တမံမှစိုက်ပျိုးရေပေးဝေသွားမည်

2022-06-02 16:17:00
 fitc SNK

Summary : ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ ရေက်ဧရိယာအတွင်း တောင်သူများ စိုက်ပျိုးထားရှိသည့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၆၉၀၀၀ ကျော်အတွက် အောင်ရေပြည့်ဝစွာရရှိစေရန် ဇွန်လ ၁၅ ရက်နေ့အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆည်တော်ကြီးရေလှောင်တမံမှ နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၆၉၀၀၀ ကျော်အတွက် ဇွန်လ ၁၅ ရက်နေ့အထိ စိုက်ပျိုးရေများ ပေးဝေ သွားမည်

ဆည်တော်ကြီးရေလှောင်တမံမှစိုက်ပျိုးရေပေးဝေသွားမည်

၂၀၂၁-၂၀၂၂ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ ရေက်ဧရိယာအတွင်း တောင်သူများ စိုက်ပျိုးထားရှိသည့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၆၉၀၀၀ ကျော်အတွက် အောင်ရေပြည့်ဝစွာရရှိစေရန် ဇွန်လ ၁၅ ရက်နေ့အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆည်တော်ကြီးရေလှောင်တမံမှ မန္တလေးခရိုင်နှင့် ပြင်ဦး လွင်ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသောမြို့နယ်များကို  ဖေဖော်ဝါရီလတတိယပတ်မှစ၍ စိုက်ပျိုးရေများပေးဝေပြီး စိုက်ပျိုးခဲ့ရာ  ယခုလက်ရှိအချိန်အထိ ကွင်းပိတ်စိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် နွေစပါး ၆၈၀၅၈ ဧကနှင့် အခြားသီးနှံ ၁၁၆၂ ဧက စုစုပေါင်းစိုက်ပျိုးပြီးဧက ၆၉၂၂၀ ဧ ကဖြစ်ပြီး၊ ၎င်းစိုက်ဧကများအတွက်  အောင်ရေပြည့်ဝစွာရရှိစေရန် ဇွန်လ ၁၅ရက်နေ့အထိ စိုက်ပျိုးရေများကို ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ခရိုင်တာဝန်ခံ ကပြောသည်။

“ရေလှောင်တမံကနေပြီးတော့ နွေသီးနှံစိုက်ပျိုးမယ့် တောင်သူတွေအတွက်ကို ဖေဖော်ဝါရီလ တတိယပတ်ကနေစပြီး ရေပြည့်ဝစွာပေးဝေပြီး စိုက်ပျိုးခဲ့တာပါ။ နွေစပါးလျာထားစိုက်ဧကမှာ ၆၇၅၁၃ ဧကနဲ့ အခြားသီးနှံ ၁၁၆၂ ဧက စုစုပေါင်းလျာထားဧက ၆၈၆၇၅ ဖြစ်ပါတယ်။ ဆည်ရေပေးဝေပြီး စိုက်ပျိုးနိုင်ခဲ့တဲ့ဧကမှာ နွေစပါးနဲ့ အခြား သီးနှံဧကပေါင်း ၆၉၂၂၀ ဧကဖြစ်ပါတယ်။ ယခင်လျာထားဧကထက် ကျော်ပြီး စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကွင်းပိတ်ပြီးဖြစ်သော်လည်း စိုက်ဧကများအတွက် လာမယ့်ဇွန်လ ၁၅ ရက်နေ့အထိ ရေလိုအပ်ချက်မရှိစေပဲ အောင်မြင်ဖြစ်ထွန်းသည်အထိ ပေးဝေသွားမှာပါ။ တောင်သူတွေအနေနဲ့ကလည်း ရေကိုစနစ်တကျ သုံးစွဲဖို့လိုပါတယ်။ ရေပြည့်ဝစွာပေးဝေနိုင်ဖို့အတွက် ဆည်တော်ကြီးရေလှောင်တမံမှာလည်း ရေပြည့်ဝစွာ သိုလှောင်ထားရှိပြီးဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါရေလှောင်တမံမှ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း နွေစပါးအမှန်စိုက်ကများမှာ မတ္တရာမြို့ နယ်တွင် နွေစပါး ၄၄၃၈၈ ဧက၊ အခြားသီးနှံ ၁၁၆၂ ဧက၊ ချမ်းမြ သာစည်မြို့နယ်တွင် ၄၄ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင်၁၇၄၈၅ ဧက၊ အမရပူရမြို့နယ်တွင်၆၁၄၁ ဧက စုစုပေါင်းစိုက်ဧကသည် ၆၉၂၂၀  ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထိုအတူ စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင်ရေလှောင်တမံမှလည်း နွေစပါးနှင့် အခြားသီးနှံဧ က ၁၁၀၀ လျာထားစိုက်ပျိုးခဲ့ရာမှ ရေပြည့်ဝစွာဖြင့် စိုက်ပျိုးနိုင်ခဲ့သည့် ဧကစုစုပေါင်းသည် ၂၀၂၃ ဧကဖြစ်ကာ လျာထားဧကထက် ကျော်လွန်စွာ ပေးဝေစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/03/%e1%80%86%e1%80%8a%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%b1%e1%80%9c%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90%e1%80%99%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 2, 2022 4:27 下午
下一篇 6月 3, 2022 2:32 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....