ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ ဥယျာဉ်အဖြစ်ဖွင့်လှစ်

2022-06-05 10:42:00
 fitc SNK

Summary : စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ (ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ (ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်

ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ ဥယျာဉ်အဖြစ်ဖွင့်လှစ်

စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ (ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှား စေရန်၊ မြန်မာ့ကော်ဖီအရည်အသွေးနှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်နိုင်စေရန်နှင့် မြန်မာ့ကော်ဖီအကြောင်းကို အများပြည်သူများ ပိုမိုသိရှိလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)အား ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် စတင်ဖွင့်လှစ်ကာ အများပြည်သူများ လာရောက်အပန်းဖြေ လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ ဥယျာဉ်အဖြစ်ဖွင့်လှစ်ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ ဥယျာဉ်အဖြစ်ဖွင့်လှစ်ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ ဥယျာဉ်အဖြစ်ဖွင့်လှစ်

“ကော်ဖီစိုက်ပျိုးတဲ့ဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ဆို လမ်းညွှန်ချက်အတိုင်း ပြင်ဦးလွင်၊ မေမြို့ ၊ ပန်းမြို့တော်၊ တောင်လှေးကားမြို့တော် နာမည်မျိုးစုံနဲ့ကျော်ကြားသလို ကော်ဖီမြို့တော်ဖြစ်အောင် ရည်ရွယ်ပြီး ဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံရဲ့ ကော်ဖီအကြောင်းကို သိရှိအောင် ပွေးတောင်ကော်ဖီခြံမှာ ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ ဒီကော်ဖီခြံက မြန်မာပြည်မှာ စီးပွားဖြစ်ကော်ဖီ စတင်စိုက်ပျိုးကတည်းက စခဲ့တဲ့နေရာဖြစ်လို့ အနှစ် ၆၀-၇၀ကျော် အရိပ်ရအပင်တွေရှိပြီး ကော်ဖီမျိုးစုံကို စိုက်ပျိုးထားပါတယ်။ ပုဂ္ဂလိကကော်ဖီပညာပေးပြခန်း၊ ဝန်ကြီးဌာန ကော်ဖီပညာပေးခန်း ကော်ဖီနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ပြည်သူများ ပြင်ဦးလွင်ကို ရောက်ရင် လေ့လာနိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒီကော်ဖီဥယျာဉ်ဟာ မြန်မာနိုင်ငံရဲ့  ကော်ဖီသမိုင်းကိုလည်း သိရမယ်။ ကော်ဖီကို စိုက်တဲ့နေရာမှာ မျိုးကနေ အရည်အသွေးကောင်း ကော်ဖီထွက်ရှိအောင် ဘယ်လိုပြုပြင်ထုတ်လုပ်ရမယ်။ ဈေးကွက်မှာ အကြိုက်ဆုံးကော်ဖီတွေ အကြောင်း မြန်မာကော်ဖီဈေးကွက်ရရှိနေမှုတွေကို အများပြည်သူသိရှိအောင် ကော်ဖီသောက်သုံးမှု ကော်ဖီယဉ်ကျေးမှုတွေကို မိတ်ဆက်ပေးတာပါ။ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် တစ်ခုလုံးဟာ မြန်မာစီးပွားရေးမှာ အရေးပါတဲ့ အဓိက သီးနှံတစ်မျိုးဖြစ်လာမှာပါ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွဋ်ဦး ကပြောသည်။

ပွေးတောင် ကော်ဖီအပန်းဖြေဥယျာဉ်မှာ  ခြံဧရိယာ (၃၈၆.၃၀)ဧကကျယ်ဝန်းပြီး ခြံအတွင်း သဘာဝစိမ့်စမ်းရေမြောင်း၊ ကော်ဖီသမိုင်းပြတိုက်ကို တည်ထားပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်ပုံ အဆင့်ဆင့်အား ခင်းကျင်းပြသထားခြင်း၊ မြန်မာနိုင်ငံဒေသအသီးသီးမှ ကော်ဖီမျိုးကွဲ အမျိုးမျိုးအား လေ့လာနိုင်ခြင်း၊ မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးရာဒေသအသီးသီးမှထွက်ရှိသည့် ကော်ဖီများအား တစ်စုတစ်စီးတည်း ရောင်းဝယ်ဖောက်ကားနိုင်ခြင်း၊ နှစ်ရှည်ပင်များနှင့် နှစ်‌ပေါင်း (၁၀၀)ကျော်ရှိသည့် သက်တမ်းရင့် ရှားပါး ညောင်မုတ်စိတ်ပင် စသည့်သဘာဝအရင်းအမြစ်များကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)ကို ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် ဖော်ဆောင်ထားခြင်း အားဖြင့် အများပြည်သူများ အပန်ဖြေရင်း ကော်ဖီသီးနှံ၏ သဘာဝများကို လေ့လာနိုင်မည်ဖြစ်ကာ ပြင်ဦးလွင်မြို့ ၏ ဂေဟစနစ်ကိုလည်း အထောက်အကူပြုပြီး သဘာဝအရင်းအမြစ်များကိုလည်း ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်သည်။

ပြင်ဦးမြို့တွင် စိုက်ပျိုးရေးကို အခြေခံသည့် လည်ပတ်စရာနေများစွာရှိရာ ထူးလိမ္မော်ခြံ ၊ ကိုယ်တိုင်ခူးစပျစ်ခြံများကို စိတ်ဝင်တစား လည်ပတ်ကြသလို ယခုကော်ဖီဥယျာဉ်မှာလည်း နောက်ထပ် လည်ပတ်စရာနေရာတစ်ခု တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/05/%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%96%e1%80%ae%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%8a%e1%80%ac%e1%80%96%e1%80%bd%e1%80%b6%e1%80%b7%e1%80%96%e1%80%bc%e1%80%ad%e1%80%af%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 5, 2022 11:31 上午
下一篇 6月 5, 2022 4:23 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....