မြေပဲဈေးကျဆင်းပြီးမတ်ပဲ၊ပဲတီစိမ်းဈေးကွက်ကောင်းမွန်

2022-06-05 10:49:00
 fitc SNK

Summary : ပြီးခဲ့သည့်ကာလ တရုတ်နိုင်ငံသို့ မြေပဲလုံးဆံ တင်ပို့မှု လုံးဝရပ်ဆိုင်းသွားပြီးနောက် ပြည်တွင်း ဆီစက်ပိုင်များသာ အဝယ်ရှိတော့ခြင်းကြောင့် အရောင်းအဝယ်မှာ အမျိုးအစားအလိုက် တစ်ပိသာ ကျပ် ၂၀၀ ခန့် ဈေးကျဆင်းသွားကြောင်း သိရသည်။

တရုတ်သို့တင်ပို့မှုလုံးဝရပ်ဆိုင်းနေသည့် မြေပဲဈေး ကျဆင်းပြီး ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့်ပဲတီစိမ်းမှာ ဈေးကွက် ပြန်ကောင်းမွန်လာ

မြေပဲဈေးကျဆင်းပြီးမတ်ပဲ၊ပဲတီစိမ်းဈေးကွက်ကောင်းမွန်

ပြီးခဲ့သည့်ကာလ တရုတ်နိုင်ငံသို့ မြေပဲလုံးဆံ တင်ပို့မှု လုံးဝရပ်ဆိုင်းသွားပြီးနောက် ပြည်တွင်း ဆီစက်ပိုင်များသာ အဝယ်ရှိတော့ခြင်းကြောင့် အရောင်းအဝယ်မှာ အမျိုးအစားအလိုက် တစ်ပိသာ ကျပ် ၂၀၀ ခန့် ဈေးကျဆင်းသွားကြောင်း သိရသည်။

ဇွန်လ ၂ ရက်တွင် S1 မြေပဲဆံတစ်ပိဿာ ငွေကျပ် ၄၀၀၀ ပေါက်ဈေးဖြစ်သွားပြီး မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၈၅၀၀၊ စားအုန်းဆီ တစ်ပိသာ ကျပ် ၈၀၀၀ခန့် ပေါက်ဈေးရှိသော်လည်း ပစ္စည်းအဝင်နည်းပါးကြောင်း သိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲဗွီးတူး ကျပ် ၁၄၃၀၀၀၊ ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ၃၀၀၀ကျပ် ဈေးကျဆင်းလာပြီး၊ ပဲယင်းတစ်အိတ်ကျပ်  ၁၄၅၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၂၀၀၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၀၀၀၀၊  စွန်တာပြာ တစ်အိတ် ကျပ် ၁၂၅၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၆၅၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၇၈၅၀၀ အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

မြေပဲဈေးကျဆင်းပြီးမတ်ပဲ၊ပဲတီစိမ်းဈေးကွက်ကောင်းမွန်

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲတီစိမ်းမှာ ဈေးကွက်ကျဆင်းနေရာမှ ဇွန် ၂ ရက်နေ့ ဈေးကွက်ဈေးနှုန်းများအရ ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၂၇၀၀၀ ခန့်ဖြင့် ဈေးငြိမ်နေကြောင်း၊ တရုတ်လမ်းကြောင်းတင်ပို့နေသည့် မြေထောက်ပဲ၊ မြေပဲလုံဆံတို့ မှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ဈေးကျဆင်းသွားကြောင်းနှင့် ပြည်တွင်းသုံးကုလားပဲများ တစ်အိတ်ကျပ် ၂၀၀၀ ဝန်းကျင်ခန့် ဈေးဆင်းလာကြောင်းနှင့် ပဲမာလိုင်းများမှာ ယခင်သီတင်းပတ်ကဲ့သို့ ဆက်လက် အရောင်းအဝယ် အေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ပို့ကုန်ပဲတွေမှာ မတ်ပဲ၊ ပဲတီစိမ်းဈေးတွေ အနည်းငယ် မြင့်တက်လာပါတယ်။ ပဲစင်းငုံဈေးကတော့ ငြိမ်နေဆဲပါ။ မတ်ပဲဈေး တစ်အိတ် ၁၄၃၀၀၀ ပေါက်ဈေး၊ ပဲတီစိမ်းကတော့ ရွှေဝါတွေ ဈေးကျဆင်းနေရာကနေ ပြန်တက်လာတာ ထိပ်စ ၁၄၅၀၀၀-၁၄၇၀၀၀ ပေါက်ဈေးနဲ့ အဝယ်ပြန်သွတ်လာတယ်။  ငွေပေးချေမှုပေါ်မှုတည်ပြီး ဈေးနှုန်းကွာခြားမှုရှိပါတယ်။ တရုတ်ပို့ကုန်ပဲတဲ့ မြေထောက်ပဲက အရောင်းအဝယ်ငြိမ်နေတယ်။ မြေပဲလုံးဆံ ပေါက်ဈေးကလည်း  တစ်ပိသာ ကျပ် ၂၀၀ လောက် ဈေးကျဆင်းလာတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုက  ဈေးမြင့်တက်နေမှုရပ်သွားပြီး တစ်အိတ် ကျပ် ၂၀၀၀ ခန့် ဈေးကျဆင်းသွားတယ်။ ပဲမာလိုင်းများမှာ ဆက်လက် ဈေးအေးနေဆဲပါ။ ပဲဈေးကွက်တစ်ခုလုံး ဈေးကွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

မြေပဲဈေးကျဆင်းပြီးမတ်ပဲ၊ပဲတီစိမ်းဈေးကွက်ကောင်းမွန်

မတ်ပဲနှင့် ပဲတီစိမ်းမှာ ဇွန် ၂ ရက်နေ့တွင် ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၂၇၀၀၀ ခန့်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဇွန်၂ရက်တွင် မတ်ပဲ တစ်အိတ် ကျပ်၁၄၃၀၀၀ ပဲတီစိမ်းရွှေဝါ မှာ ဈေးကျဆင်းရာမှာ ဈေးပြန်တက်လာပြီး  လက်ရှိပေါက်ဈေး တစ်အိတ်ကျပ် ၁၄၅၀၀၀-၁၄၇၀၀၀ ဖြင့် အရောင်းအဝယ် သွက်နေသည်။ ပို့ကုန်ပဲများရောင်းဝယ်ရာတွင် ငွေပေးချေမှုပေါ်မှုတည်ပြီး တစ်အိတ်ကျပ် ၃၀၀၀-၅၀၀၀ ခန့်ကွာခြားမှုရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/05/%e1%80%99%e1%80%bc%e1%80%b1%e1%80%95%e1%80%b2%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%90%e1%80%ba%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 5, 2022 4:21 下午
下一篇 6月 5, 2022 4:23 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....