အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)2022-2023ဖွင့်လှစ်

2022-06-05 10:57:00
 fitc Zanhtooko
Summary : အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်ပွဲကို ဇွန်လ(၂)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်လှစ်

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)2022-2023ဖွင့်လှစ်

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်ပွဲကို ဇွန်လ(၂)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

“အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန အားကစားနဲ့ ကာယပညာဦးစီးဌာန အနေနဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စပြီး အားကစားနဲ့ကာယပညာသိပ္ပံ(မုံရွာ)ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်အတွင်းက သတ္တမတန်းအောင် အဌမတန်းတက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေ အားကစားနဲ့ပညာရေးပေါင်းစပ်ပြီး နိုင်ငံတော်အထောက်အပံ့နဲ့ ဘွဲ့ရတဲ့အထိ တာဝန်ယူပြုစု ပျိုးထောင်ပေးနေတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေနိုင်ဖို့အပြင် ကလေးတွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က လိုအပ်တာတွေကို ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခုသင်တန်းကို တက်ရောက်ခွင့်ရတဲ့ လူငယ်မောင်မယ်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ လေ့ကျင့်ရေးစည်းကမ်း၊ အိပ်ဆောင်စည်းကမ်း၊ စားရိပ်သာစည်းကမ်းတွေကို တိတိကျကျ လိုက်နာကြဖို့နဲ့ အားကစားလေ့ကျင့်ရေးနဲ့ ပညာသင်ကြားရေးကို အာရုံစူးစိုက်ပြီး ဟန်ချက်ညီညီ တိုးတက်မှုရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားကြစေလိုပါတယ်။”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)2022-2023ဖွင့်လှစ်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)2022-2023ဖွင့်လှစ်

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်တန်းသား(၃၀) ဦး၊ သင်တန်းသူ( ၄၃ ) ဦး စုစုပေါင်း (၇၃ )ဦး တက်ရောက်ပညာသင်ယူလျက်ရှိပြီး  သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ထုတ်ဝေသော  အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/05/%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%ac%e1%80%9a%e1%80%95%e1%80%8a%e1%80%ac%e1%80%9e%e1%80%ad%e1%80%95%e1%80%b9/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 5, 2022 4:23 下午
下一篇 6月 7, 2022 10:47 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....