ဆောက်လုပ်ဆဲတရုတ် အာကာသယာဉ်စခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်မည်

ဆောက်လုပ်ဆဲတရုတ် အာကာသယာဉ်စခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်မည်
By Popular News Journal 
ဆောက်လုပ်ဆဲတရုတ် အာကာသယာဉ်စခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်မည်
ပေကျင်း၊ ဇွန် ၄ ရက်
တရုတ်နိုင်ငံသည် ဇွန်လ ၅ ရက် တနင်္ဂနွေနေ့ တွင် ၎င်း၏အာကာသယာဉ်မှူး ၃ ဦးပါဝင်သော အာကာသယာဉ်တစ်စီးအား တည်ဆောက်ဆဲဖြစ်သည့် တရုတ်ပင်မ အာကာသယာဉ်စခန်းသို့ စေလွှတ်မည်ဖြစ်သည်။
အာကာသယာဉ်မှူးများသည် ယင်း အာကာယာဉ်စခန်းတွင် ၆ လကြာ နေထိုင်ရမည်ဖြစ်ပြီး အဆင့်မြင့်ခက်ခဲသောဆောက်လုပ်ရေးအပိုင်းများအား ဆက်လက်လုပ်​ဆောင်ရမည် ဖြစ်သည်။
ရှင်ဇူး ၁၄ အာကာသယာဉ်ကို နိုင်ငံ့ အနောက်မြောက်ပိုင်း ဂန်ဆူးပြည်နယ် ရှိ ကျူကွမ်း ဂြိုလ်တု လွှတ်တင်ရေးစင်တာမှ တနင်္ဂနွေနေ့ တရုတ် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၄ မိနစ် (မြန်မာစံတော်ချိန် ၉နာရီ ၁၄ မိနစ်) တွင် လွှတ်တင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်လို “နတ်ဝေါ ယာဉ်” ဟု အဓိပ္ပာယ်ရသော ရှင်ဇူး အာကာသယာဉ်ပေါ်တွင် အာကာသယာဉ်မှူး ချန်ဒေါင်းနှင့်အတူ အာကာသယာဉ်မှူး လျူးယန်၊ ကိုင်း ဆူဟီတို့ လိုက်ပါမည်ဖြစ်သည်။
၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးမည့်တရုတ်အာကာသယာဉ်စခန်းသို့ လွှတ်တင်ရန် စုစုပေါင်း ခရီးစဉ် ၁၁ ကြိမ်မှ ယခု ရှင်ဇူးအာကာသယာဉ်သည် ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။
အဆောင် ၃ ဆောင်ပါရှိသောတရုတ် အာကာသယာဉ်စခန်းကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ပထမဆုံးနှင့် အကြီးဆုံး အာကာသယာဉ်အဆောင်ဖြစ်သည့် တီယန်ဟီကို လွှတ်တင်ခြင်းဖြင့် ​ဆောက်လုပ်​ရေးစတင်ခဲ့သည်။
အင်္ဂလိပ်အက္ခရာ တီ ပုံသဏ္ဍာန် အာကာသယာဉ် စခန်းဆောက်လုပ်ပြီးစီးပါက အဆိုပါ တီယန်ဟီအဆောင်သည် အာကာသယာဉ်စခန်းမှူးများ နားနေမည့်အဆောင်ဖြစ်လာမည်ဖြစ်သည်။
ကျန်ရှိ​သောအ​ဆောင်အခန်းများ​တည်​ဆောက်ရန်အတွက် ဇူလိုင်နှင့်​အောက်တိုဘာတွင်လည်း အာကာသယာဥ်များ ဆက်လက် လွှတ်တင်သွားမည်ဖြစ်သည်။
Source: Reuters

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/05/13655/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 4, 2022 9:15 下午
下一篇 6月 5, 2022 11:31 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....