- 2022-06-07 21:30:00
- fitc KoSai
Summary : ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်-မြန်မာနယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု ပြန်လည်စတင်ခဲ့ရာ တရုတ်ထုတ်ကုန်များကို အဓိကထားလုပ်ကိုင်နေသည့် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု ပြန်လည်စတင်လာပြီးနောက် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းများ ပြန်လည်အဆင်ပြေလာ
ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်-မြန်မာနယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု ပြန်လည်စတင်ခဲ့ရာ တရုတ်ထုတ်ကုန်များကို အဓိကထားလုပ်ကိုင်နေသည့် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ အကြောင်းပြချက်ဖြင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပိတ်လိုက်သဖြင့် တရုတ်ထုတ်ကုန်များကို အဓိကထားလုပ်ကိုင်နေသည့် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းအများစု ရပ်နားထားခဲ့ရသည်။
“နယ်စပ်ဂိတ်က လူအဝင်အထွက်ကတော့ မရသေးပေမယ့် ကုန်တွေတော့ အဝင်အထွက် လုပ်လို့ရပြီဆိုတော့ ရပ်နားထားရတဲ့ အွန်လိုင်းဈေးရောင်းပေ့ချ်လေးကို ပြန်အသက်သွင်းနေရပြီ” ဟု တရုတ်ပစ္စည်းများကို အွန်လိုင်းတွင် ရောင်းဝယ်နေသူတစ်ဦး က ပြောသည်။
အဆိုပါအွန်လိုင်းရောင်းဝယ်သူများသည် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်အမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး တို့ကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းကြသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/07/%e1%80%a1%e1%80%bd%e1%80%94%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9d%e1%80%9a%e1%80%ba%e1%80%9c/