အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဉ်များတွက်ခြေမကိုက်

2022-06-07 21:27:00
 fitc SC

Summary : စက်သုံးဆီစျေးများသည် ပြီးခဲ့သည့်နှစ်ဈေးနှုန်းထက် ၃ ဆမျှ မြင့်တက်လာပြီး ဝယ်ယူရအခက်အခဲများကြောင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်များ တွက်ခြေမကိုက်တော့ကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။

စက်သုံးဆီစျေး အဆမတန်မြင့်လာခြင်းကြောင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဉ်များ တွက်ခြေမကိုက်

အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဉ်များတွက်ခြေမကိုက်

စက်သုံးဆီစျေးများသည် ပြီးခဲ့သည့်နှစ်ဈေးနှုန်းထက် ၃ ဆမျှ မြင့်တက်လာပြီး ဝယ်ယူရအခက်အခဲများကြောင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်များ တွက်ခြေမကိုက်တော့ကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။

လက်ရှိအခြေအနေသည် စက်သုံးဆီစျေးနှုန်းများမှာ အမြင့်ဈေးသို့ရောက်ရှိလာသည်နှင့်အတူ မိုးတွင်းကာလ ခရီးသွားလာသူ နည်းပါးလာသဖြင့် တွက်ခြေမကိုက်တော့ခြင်းလည်းဖြစ်ပြီး အချို့သောယာဉ်လိုင်းများမှ ပြေးဆွဲမှုများ ရပ်နားထားရကြောင်း အဝေးပြေးယာဉ်လိုင်း ဂိတ်မှူးတစ်ဦးကပြောသည်။

“ဆီစျေးက သိတဲ့အတိုင်းပဲ အမြင့်ဈေးလည်း ရောက်နေတယ်။ ဆီဆိုင်တွေမှာ ကုန်နေပြီဆိုပြီး ဝယ်ရလည်း ခက်လာတယ်။ မိုးကာလ ခရီးတဲ့သူကလည်း နည်းတော့ ဘယ်လိုမှကို တွက်ခြေမကိုက်တော့ဘူး။ တစ်ချို့ဆိုရင် ရပ်တောင်ထားတယ်”ဟု ဂိတ်မှူးတစ်ဦးကပြောပါတယ်။

စက်သုံးဆီစျေး မြင့်တက်လာသည်နှင့်အတူ ယာဉ်စီးခ၊ ကုန်တင်ခ တန်ဆာခများမှာ တိုးမြှင့်လာပြီး ကုန်စည်သယ်ပို့ ရောင်းဝယ်သူများမှာလည်း အခက်ကြုံကြရသည်ဟုဆိုသည်။

“ဒီဘက်လတွေမှာ ကုန်တင်ဖို့ အခက်အခဲတွေ ကြုံရတယ်။ အရင်က လမ်းမှာ အစစ်အဆေး တင်းကျပ်တာမျိုးပဲ ရှိပေမယ့် အခုတော့ ဆီဈေးတက်တော့ ကားခတွေ ဈေးတက်လာတယ်။ အလိုလိုနေရင်း ပစ္စည်းတန်ဖိုးက တက်သွားရော။ ဈေးတက်ပြီး ရောင်းတော့ အဝယ်က မလိုက်တော့ဘူး။ တစ်ခါတလေ လမ်းစရိတ်အရှုံးခံပြီး ငွေဖော်ရတာမျိုးထိ ရှိလာတယ်။ မတတ်နိုင်ဘူးလေ။ အခြေအနေက မပေးသေးတော့ သည်းခံရဦးမှာပေါ့” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/07/%e1%80%a1%e1%80%9d%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%86%e1%80%b1%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 5, 2022 4:25 下午
下一篇 6月 7, 2022 10:49 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....