အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းများပြန်လည်အဆင်ပြေလာ

2022-06-07 21:30:00
 fitc KoSai

Summary : ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်-မြန်မာနယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု ပြန်လည်စတင်ခဲ့ရာ တရုတ်ထုတ်ကုန်များကို အဓိကထားလုပ်ကိုင်နေသည့် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု ပြန်လည်စတင်လာပြီးနောက် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းများ ပြန်လည်အဆင်ပြေလာ

အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းများပြန်လည်အဆင်ပြေလာ

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်-မြန်မာနယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု ပြန်လည်စတင်ခဲ့ရာ တရုတ်ထုတ်ကုန်များကို အဓိကထားလုပ်ကိုင်နေသည့် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ အကြောင်းပြချက်ဖြင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပိတ်လိုက်သဖြင့် တရုတ်ထုတ်ကုန်များကို အဓိကထားလုပ်ကိုင်နေသည့် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းအများစု ရပ်နားထားခဲ့ရသည်။

“နယ်စပ်ဂိတ်က လူအဝင်အထွက်ကတော့ မရသေးပေမယ့် ကုန်တွေတော့ အဝင်အထွက် လုပ်လို့ရပြီဆိုတော့ ရပ်နားထားရတဲ့ အွန်လိုင်းဈေးရောင်းပေ့ချ်လေးကို ပြန်အသက်သွင်းနေရပြီ” ဟု တရုတ်ပစ္စည်းများကို အွန်လိုင်းတွင် ရောင်းဝယ်နေသူတစ်ဦး က ပြောသည်။

အဆိုပါအွန်လိုင်းရောင်းဝယ်သူများသည် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်အမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး တို့ကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းကြသည်။

ကိုစိုင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/07/%e1%80%a1%e1%80%bd%e1%80%94%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9d%e1%80%9a%e1%80%ba%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 7, 2022 10:47 下午
下一篇 6月 9, 2022 10:45 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....