“ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ”ပြိုင်ပွဲ

2022-06-11 09:24:00
 fitc KoKhant
Original  94
Summary : မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနှင့် China Media Group အာရှ-အာဖရိကမီဒီယာစင်တာ မြန်မာဘာသာဌာနတို့မှ ကြီးမှူးကျင်းပသည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် “ကျွန်ုပ်တို့အားလုံး မိသားစုတွေပါ” ဖန်တီးမှုပြိုင်ပွဲ(၄)မျိုး ကျင်းပမည်ဖြစ်ရာ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂)နှစ်မြောက်အထိမ်းအမှတ် “ကျွန်ုပ်တို့အားလုံး မိသားစုတွေပါ” ဖန်တီးမှုပြိုင်ပွဲ(၄)မျိုး မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်

“ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ”ပြိုင်ပွဲ

မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနှင့် China Media Group အာရှ-အာဖရိကမီဒီယာစင်တာ မြန်မာဘာသာဌာနတို့မှ ကြီးမှူးကျင်းပသည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂)နှစ်မြောက် အထိမ်းအမှတ်အဖြစ် “ကျွန်ုပ်တို့အားလုံး မိသားစုတွေပါ” ဖန်တီးမှုပြိုင်ပွဲ(၄)မျိုး ကျင်းပမည်ဖြစ်ရာ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

“ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ”ပြိုင်ပွဲ

အဆိုပါပြိုင်ပွဲသည် PaukPhaw Online ဖေ့ဘုတ်အကောင့်နှင့် WeChat အကောင့်တို့တွင် ထုတ်ပြန်ထားသည့် “သိုသိုရဲ့အချစ်ဇာတ်လမ်း” တရုတ်-မြန်မာချစ်ကြည်ရေးဝတ္ထုဇာတ်လမ်းကို အခြေခံ၍ ဖန်တီးမှုပညာရှင်၊ သရုပ်ဖော်ပန်းချီပညာရှင်၊ နောက်ခံစကားပြောပညာရှင်၊ မှတ်သားဖွယ်ရာဝါကျ ရွေးချယ်ခြင်း ဟူသော ဖန်တီးမှုပြိုင်ပွဲကဏ္ဍ(၄)မျိုးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲစည်းကမ်းချက် အသေးစိတ်ကို အဆိုပါ PaukPhaw Online ဖေ့ဘုတ်အကောင့်နှင့် WeChat အကောင့်တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

“သိုသိုရဲ့အချစ်ဇာတ်လမ်း” ကို အခြေခံ၍ ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ရာတွင် လူတစ်ဦးလျှင် ပြိုင်ပွဲ(၁)ခု သို့မဟုတ် ပြိုင်ပွဲအားလုံးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထားကာ အီးမေးလ် jujiaoweilai@163.com သို့ ပေးပို့ရမည်ဖြစ်သည်။

“ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ”ပြိုင်ပွဲ“ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ”ပြိုင်ပွဲ“ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ”ပြိုင်ပွဲ“ကျွန်ုပ်တို့အားလုံးမိသားစုတွေပါ”ပြိုင်ပွဲ

ဖန်တီးမှုပညာရှင် ပြိုင်ပွဲကဏ္ဍတွင် မျက်ရည်များ၊ ရယ်မောမှုများ၊ အခက်အခဲများ၊ အောင်မြင်မှုများနှင့်အတူ ဝတ္ထု၏ ဇာတ်ကောင်သည် နောက်ပိုင်းတွင် မည်သည့်ဇာတ်လမ်းသစ်များနှင့်ကြုံတွေ့လာမည့် ဝတ္ထု၏ နောက်ဆက်တွဲအကြောင်းအရာများကို မြန်မာဘာသာ သို့မဟုတ် တရုတ်ဘာသာဖြင့် ရေးသားယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်စာလုံးအရေအတွက်ကို တရုတ်ဘာသာအတွက် စာလုံးရေ ၁၅၀၀ မှ ၂၅၀၀ အထိ၊ မြန်မာဘာသာအတွက် စာလုံးရေ ၂၀၀၀ မှ ၃၀၀၀ ထိ သတ်မှတ်ထားသည်။

သရုပ်ဖော်ပန်းချီပညာရှင် ပြိုင်ပွဲကဏ္ဍတွင် မိမိအတွက် ဆွဲဆောင်မှုအရှိဆုံးသော ဝတ္ထုထဲက ဇာတ်ဝင်ခန်း သို့မဟုတ် ဇာတ်ကွက်ကို သရုပ်ဖော်ပန်းချီရေးဆွဲ ပုံဖော်နိုင်ပြီး အနည်းဆုံး သရုပ်ဖော်ပန်းချီ ၄ ပုံ ဖန်တီးရမည်ဖြစ်ကာ မိမိနှစ်သက်သလို လက်ဖြင့်ရေးဆွဲခြင်း၊ ပုံဆွဲတက်ဘလက်ဖြင့်ရေးဆွဲခြင်းတို့ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

နောက်ခံစကားပြောပညာရှင် ပြိုင်ပွဲကဏ္ဍတွင် ဝတ္ထုထဲမှ နှစ်သက်ရာ အပိုင်းတစ်ပိုင်းကို ရွေးချယ်ပြီး နောက်ခံစကားပြောအနေဖြင့် ဖန်တီးခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး သင့်လျော်သော အသံအထူးပြုလုပ်ချက်များနှင့် နောက်ခံတေးဂီတတို့ ပေါင်းစပ်ထည့်သွင်းနိုင် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။

အဓိကမှတ်သားဖွယ်ရာဝါကျရွေးချယ်ခြင်း ပြိုင်ပွဲကဏ္ဍတွင် ဗီဒီယိုတိုတစ်ခုရိုက်ကူး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဝတ္ထုထဲက သင့်ကို စိတ်အလှုပ်ရှားဆုံးဖြစ်စေမည့်အရာများကို ခံစားတင်ပြရမည်ဖြစ်ကာ ၎င်းတွင် ဝတ္ထုခေါင်းစဉ်ကို အကောင်းဆုံးထင်ဟပ်စေမည့် “အဓိကမှတ်သားဖွယ်ရာဝါကျ”တစ်ကြောင်း ပါဝင်ရမည် ဖြစ်ပါသည်။

ပြိုင်ပွဲဝင်လက်ရာများကို ပေးပို့ရာတွင် ဖန်တီးမှုပညာရှင် ပြိုင်ပွဲဝင်လက်ရာကို Pdf format နှင့် Word ဖိုင်အား အတူပေးပို့ရမည်ဖြစ်ပြီး သရုပ်ဖော်ပန်းချီပညာရှင် ပြိုင်ပွဲဝင်လက်ရာကို ရုပ်ပုံအရည်အသွေး ရှင်းလင်းပြတ်သားမှုရှိသည့် jpg format ဖြင့် ပေးပို့ရမည်ဖြစ်သည်။ နောက်ခံစကားပြောပညာရှင် ပြိုင်ပွဲဝင်လက်ရာကို MP3 format ဖြင့် ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဓိကမှတ်သားဖွယ်ရာ ဝါကျရွေးချယ်ခြင်း ပြိုင်ပွဲဝင်လက်ရာကို MP4 format ဖြင့် ပေးပို့ရမည်ဖြစ်သည်။

ပြိုင်ပွဲတစ်ခုစီတိုင်းတွင် ရွှေတံဆိပ်ဆု(၁)ဆု၊ ငွေတံဆိပ်ဆု(၁)ဆု၊ ကြေးတံဆိပ်ဆု(၂)ဆုနှင့် ထူးချွန်ဆု(၂၀)စီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အနာဂတ်ကြယ်ပွင့်ဆု(၁)ဆုကိုလည်း ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့အတူ ကြီးမှူးကျင်းပသည့်အဖွဲ့အစည်းများမှလည်း ဆုရရှိသူများအတွက် ဂုဏ်ပြုလက်မှတ်များနှင့် ဆုကြေးငွေ သို့မဟုတ် တန်ဖိုးတူဆုပစ္စည်းများကို ချီးမြှင့်သွားမည်ဖြစ်ရာ ဆုကြေးများအနေဖြင့် အနာဂတ်ကြယ်ပွင့်ဆုအတွက် ငွေကျပ်(၁၀)သိန်း၊ ဖန်တီးမှုပညာရှင်၊ သရုပ်ဖော်ပန်းချီပညာရှင်၊ နောက်ခံစကားပြောပညာရှင် ပြိုင်ပွဲကဏ္ဍများအတွက် ရွှေတံဆိပ်ဆု ငွေကျပ်(၁၀)သိန်း၊ ငွေတံဆိပ်ဆု ငွေကျပ်(၆)သိန်း၊ ကြေးတံဆိပ်ဆု ငွေကျပ်(၃)သိန်း၊ ထူးချွန်ဆု ငွေကျပ်(၁)သိန်းစီ ချီးမြှင့်မည်ဖြစ်ပြီး အဓိကမှတ်သားဖွယ်ရာဝါကျရွေးချယ်ခြင်း ပြိုင်ပွဲကဏ္ဍတွင် ရွှေတံဆိပ်ဆု ငွေကျပ်(၅)သိန်း၊ ငွေတံဆိပ်ဆု ငွေကျပ်(၂)သိန်း၊ ကြေးတံဆိပ်ဆု ငွေကျပ်(၁)သိန်း၊ ထူးချွန်ဆု ငွေကျပ်(၅)သောင်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/09/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%ac%e1%80%b8%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 7, 2022 10:49 下午
下一篇 6月 10, 2022 10:43 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....