သရက်သီးဓာတ်ခွဲ၍ပိုးမွှားသုတေသနဆောင်ရွက်

2022-06-10 23:06:00
 fitc SNK
Original  32
Summary : သရက်သီးများတွင် အစေ့ပိုးထိုး၊ ညှာရင်းပုတ်နှင့် မှည့်ပျောက်စွန်းပိုးမွှားကျရောက်မှုများပြားသဖြင့် စိုက်ပျိုးရေး သုတေသနနှင့် ပိုးမွှားကာကွယ်ရေးဌာနမှ မန္တလေးဝန်းကျင်ရှိ သရက်ခြံများမှ သရက်သီးများကို ဓာတ်ခွဲနမူနာ အဖြစ်ဝယ်ယူ၍ သုတေသနပြုလုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင် ကပြောသည်။

မန္တလေးရှိ သရက်ခြံများမှ သရက်သီးများကို ဓာတ်ခွဲ၍ ပိုးမွှားဆိုင်ရာသုတေသနများ ဆောင်ရွက်လျက်ရှိ

သရက်သီးဓာတ်ခွဲ၍ပိုးမွှားသုတေသနဆောင်ရွက်

သရက်သီးများတွင် အစေ့ပိုးထိုး၊ ညှာရင်းပုတ်နှင့် မှည့်ပျောက်စွန်းပိုးမွှားကျရောက်မှုများပြားသဖြင့် စိုက်ပျိုးရေး သုတေသနနှင့် ပိုးမွှားကာကွယ်ရေးဌာနမှ မန္တလေးဝန်းကျင်ရှိ သရက်ခြံများမှ သရက်သီးများကို ဓာတ်ခွဲနမူနာ အဖြစ်ဝယ်ယူ၍ သုတေသနပြုလုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင် ကပြောသည်။

စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်လာသဖြင့် သရက်ခြံများတွင် လျှော့ချသုံးစွဲကြရာက ယခုကဲ့သို့ သရက်နှင့် ပတ်သက်သည့် ပိုးမွှားများ တွေ့ရှိလာခြင်းကြောင့် ဧပြီလမှစတင်၍ စိုက်ပျိုးရေး ပိုးမွှားကာကွယ်ရေးနှင့် သုတေသနဌာနခွဲ(နေပြည်တော်)မှ ဓာတ်ခွဲနမူနာများ ရယူ၍ သုတေသနပြုလုပ်နေခြင်းဖြစ်သည်။

“ကိုယ့်ဒေသမှာဖြစ်ပွားတဲ့ ရောဂါကို စိုက်ပျိုးရေးဌာနကို တင်ပြတော့ သူတို့ကကွင်းဆင်းတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် Project အနေနဲ့လုပ်ပေးတယ်။ ဒေသတွင်းဖြစ်တာဆိုရင် လိုအပ်သလို လုပ်ပေးပါတယ်။ ပြီးခဲ့တဲ့မေလကမှ အစေ့ထိုးပိုး ပေါ်လာတယ်။ အရင်က ရှမ်း(တောင်)မှာတွေ့ပေမယ့် အခု မန္တလေးမှာလည်းတွေ့ လာတယ်” ဟု ၎င်းကပြောသည်။

ပိုးတွေ့ရှိကြောင်း တင်ပြလာသည့် သရက်ခြံများသို့ ကွင်းဆင်းကာ ဓာတ်ခွဲနမူနာအဖြစ် သရက်သီးများ ဝယ်ယူ၍ နေပြည်တော် ဓာတ်ခွဲခန်းတွင် သုတေသနပြုလုပ်၍ ကာကွယ်ရေးနည်းပညာများကို ဖြန့်ဝေမည်ဖြစ်ပြီး မန္တလေးမှ သရက်ခြံများတွင် ဧပြီလမှစတင်၍ ဓာတ်ခွဲနမူနာရယူနေကြောင်းသိရသည်။

“မန္တလေးကသတ်မှတ်တဲ့ခြံတွေမှာ သရက်သီးနမူနာအစုံကို လိုက်ဝယ်ပြီး အစေ့ထုတ်ပိုး သုတေသန လုပ်နေတယ်။ နေပြည်တော်က အဓိကလုပ်ပေမယ့် မန္တလေးတိုင်းက ပူးပေါင်းပါဝင်တာပါ။ အခုလို သုတေသနလုပ်ပြီး ကာကွယ်နည်းတွေ ဖြန့်ဝေပေးတော့ တောင်သူတွေအတွက် အကျိုးရှိတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

သရက်သီးကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး အခြားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ သရက်သီးအသားကို စားသုံးလျှင် ပြဿနာမရှိသော်လည်း ၎င်း၏အစေ့ကို ခွဲလိုက်ချိန် ပိုးထွက်လာခြင်းမရှိမှသာ နိုင်ငံတကာတင်ပို့မှု အလားအလာကောင်းမှာဖြစ်ပြီး စားသုံးသူ၏ ယုံကြည်စိတ်ချမှုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/10/%e1%80%9e%e1%80%9b%e1%80%80%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%81%e1%80%bd%e1%80%b2%e1%81%8d%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bd%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 10, 2022 10:43 下午
下一篇 6月 11, 2022 10:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....