၁.၄ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းမိ

2022-06-10 23:04:00
 fitc SC

Summary : မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၁.၄ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဇွန် ၄ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာအနီးတွင် မျိုးမင်းထိုက်(ခ)မျိုးထိုက် မောင်းနှင်လာသော ၆ ဘီး မော်တော်ယာဉ်ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၂ ဒသမ ၂၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၃၈ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရှိရကြောင်း၊ ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/10/%e1%81%81-%e1%81%84%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 9, 2022 10:45 下午
下一篇 6月 10, 2022 10:44 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....