မုံရွာစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ (၆၄)ကြိမ်‌မြောက် စာဖတ်ဝိုင်းကျင်းပ

Summary : စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၆၄)ကြိမ်မြောက် စာဖတ်ဝိုင်းကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

မုံရွာစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ (၆၄)ကြိမ်‌မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ (၆၄)ကြိမ်‌မြောက် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၆၄)ကြိမ်မြောက် စာဖတ်ဝိုင်းကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းကို မုံရွာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုး  က အဖွင့်အမှာစကား ပြောကြားဖွင့်လှစ်ပြီး မုံရွာမြို့နယ်စာရေးဆရာအသင်း အမှုဆောင်စာရေးဆရာမ မဥ္ဇူသက (မုံရွာ) ၏ နှလုံးသွေးနဲ့ရေးတဲ့မှတ်တမ်း(၂)၊ ဦးညွတ်ပါရစေ၊ မြင့်မိုရ်မေမေနှင့် အခြားဆောင်းပါများစာအုပ်ပါ အ‌ကြောင်းအရာများကို တက်ရောက်လာကြသူများနှင့်အတူ စာရေးသူတို့က ဆွေးနွေးခဲ့ကြ‌သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင်ခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ဝင်များက   စာရေးသူ၏ ဘဝအတွေ့အကြုံများနှင့် လူမှုဘဝ ယဥ်ကျေးလိမ္မာကောင်းမွန်စွာ သွားလာနေထိုင် ပေါင်းသင်းဆက်ဆံရေး အတွက် ပြုမူကျင့်ကြံဖို့၊  အလေးထားကာ ဆောင်ရန်ရှောင်ရန်များနှင့် အသိပညာဗဟုသုတများစွာပါဝင်သော စာပေများကို ဖတ်ရှု့ပြီး ဘဝအတွက် အကျိုးရှိရှိ အသုံးချနိုင်ရေးအပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာရေးဆရာမ မဥ္ဇူသက (မုံရွာ)က နိဂုံးချုပ်အမှာစကားပြောကြားပြီး စာဖတ်ဝိုင်းကိုရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ၂၀၂၂ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံသို့ တက်‌ရောက်ခဲ့ကြသော မုံရွာမြို့နယ်စာရေးဆရာအသင်း ညီလာခံကိုယ်စားများဖြစ်ကြသော စာရေးဆရာ နေမင်သန်း နှင့် စာရေးဆရာ ရွှေရည်စိုးတို့က ၎င်းတို့၏ အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

စာဖတ်ဝိုင်းသို့ တက်ရောက်သူ စာအုပ်စာစောင်ချစ်မြတ်နိုးသူ ဦးထွန်းအောင်ကျော်က စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ အသက်အရွယ်ကြီးသူ စာရေးဆရာတစ်ဦး၊ အသက်အရွယ်အငယ်ဆုံး စာရေးဆရာတစ်ဦး နှင့် အဝေးဆုံးမှ တက်ရောက်လာသော စာရေးဆရာတစ်ဦးတို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/14/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%ac%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%ac%e1%80%85%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%81%e1%80%bb%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 11, 2022 10:50 下午
下一篇 6月 15, 2022 11:29 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....