လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

Summary : လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများတက်ရောက်သည်။

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း မုံရွာမြို့တွင်ဖွင့်လှစ်

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊  ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများတက်ရောက်သည်။

“အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ အနေနဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးတာဟာ အရည်အသွေးရှိတဲ့ လုပ်သားကောင်းတွေ ရရှိစေဖို့အတွက် လူငယ်တွေကို သင့်တော်တဲ့ အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အသေးစားနှင့်အလတ်စား လုပ်ငန်းဈေးကွက်တွေ မြှင့်တင်တာ ဒေသထွက်ကုန်တွေကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ဖို့နည်းပညာတွေ ထောက်ပံ့ပေးတာ ဈေးကွက်နဲ့ ချိတ်ဆက်ပေးတာ အသက်မွေးမှုနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားသည်။

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

သင်တန်းကို ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ပြီး သင်တန်းသို့ မုံရွာခရိုင်အတွင်းမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားကြကြောင်း သိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/15/%e1%80%9c%e1%80%b0%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 15, 2022 11:31 下午
下一篇 6月 15, 2022 11:33 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....