Asian-Chinaအဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲ

Summary : ဇွန်လ ၁၀ ရက်နေ့တွင် ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Wu Jianghao နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 (၂၈)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့

Asian-Chinaအဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲ

ဇွန်လ ၁၀ ရက်နေ့တွင် ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Wu Jianghao နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အထူးအစည်းအဝေး၏ ရလဒ်များအား အကောင်အထည်ဖော်ရာ၌ တိုးတက်မှုများကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှုများကို အမြင်ချင်း ဖလှယ်ခဲ့ကြပြီး အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ရန်အတွက် အာဆီယံ-တရုတ်လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)အား ပြင်ဆင်ရေးဆွဲမှု အခြေအနေများ၊ မဏ္ဍိုင်(၃)ရပ်အောက်တွင် အာဆီယံ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ခြင်းနှင့် ဘုံစိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Asian-Chinaအဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲ

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က တောင်တရုတ်ပင်လယ်တွင် နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း အကောင်အထည်ဖော်ခြင်းနှင့် ထိရောက်၍ အနှစ်သာရရှိသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆွေးနွေးမှုတွင် တိုးတက်မှုများ ရရှိရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ညှိနှိုင်းဆောင်ရွက်နေမှုအား ဆွေးနွေးခဲ့ပြီး ဒေသတွင်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံမှ အဆိုပြုချက်အသစ်များ ဆွေးနွေးလာခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးနိုင်ငံအနေဖြင့် (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ရလဒ်ကောင်းများရရှိစေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့နှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/15/asian-china%e1%80%a1%e1%80%86%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9b%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 14, 2022 10:32 下午
下一篇 6月 15, 2022 11:30 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....