ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးကျင်းပ

Summary : ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးအား ဇွန်လ ၁၅ ရက်နေ့တွင် ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးကျင်းပ

ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးအား ဇွန်လ ၁၅ ရက်နေ့တွင် ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဦးစီးဌာန၊ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဦးစီးဌာန၊ တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ ကပ်ပါးရောဂါကာကွယ် ထိန်းချုပ်ရေးဌာန တာဝန်ခံတို့ တက်ရောက်ခဲ့ကြသည်။

ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးကျင်းပ

စီးပွားရေးသံမှူး Mr. Tan Shufu က အမှာစကားပြောကြားရာတွင် ယခုအကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံမှပညာရှင်များက တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါ ကာကွယ်ကုသရေး ကူညီမှုစီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာဆွေးနွေးခဲ့ကြကြောင်း၊ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံပြည်သူများကို အကျိုးစီးပွားခံစားရရှိစေပြီး တစ်ကမ္ဘာလုံး ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် အကျိုးထမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက မြန်မာနိုင်ငံဖော်ဆောင်လျက်ရှိသည့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်သည် ရလဒ်တွေ့မြင်နေရပြီဖြစ်ပြီး မြန်မာနိုင်ငံပြည်တွင်း ငှက်ဖျားရောဂါကူးစက်ခံရသူဦးရေ သိသိသာသာ ကျဆင်းလာပြီဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အထူးသဖြင့် မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက်တွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဆင့်တိုးဖော်ဆောင်ရန်လိုအပ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် မြန်မာ-တရုတ်နှစ်နိုင်ငံက ငှက်ဖျားရောဂါတိုက်ဖျက်ရေးကဏ္ဍတွင် ကြိမ်ဖန်များစွာ ထိရောက်သည့်ကူးလူးဖလှယ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါတည်ငြိမ်သွားပြီးနောက် ပထမဆုံးအချိန်တွင် ဤစီမံကိန်း၏ဖြစ်နိုင်ခြေလေ့လာမှုကို ဖော်ဆောင်ခြင်းအတွက် မြန်မာနိုင်ငံမှကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ဒေသ ငှက်ဖျားရောဂါကာကွယ်ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ နှစ်နိုင်ငံပြည်သူများ ကျန်းမာရေးအကျိုးစီးပွားကို အတူတကွကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်မှ ကျန်းမာရေးဌာနများက မြန်မာနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေး တိုးတက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ချိတ်ဆက်ခဲ့ကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလိုအပ်ချက်၊ တရုတ်နိုင်ငံယူနန်ပြည်နယ် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွေ့အကြုံနှင့် ပြည်ပမှဝင်ရောက်လာသော ငှက်ဖျားရောဂါအမျိုးအစား ကာကွယ်ထိန်းချုပ်ရေးအခြေအနေ စသည်တို့နှင်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး နယ်စပ်ဒေသ ငှက်ဖျားရောဂါကာကွယ်ကုသရေးကူညီမှုစီမံကိန်း ဖြစ်နိုင်ခြေနှင့်စပ်လျဉ်း၍လည်း ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/18/%e1%80%86%e1%80%8b%e1%80%b9%e1%80%8c%e1%80%99%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 15, 2022 11:36 下午
下一篇 6月 22, 2022 5:30 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....