၂၀၂၂ နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးအကျဉ်းဦးစီးဌာနမှ ဖြေဆိုသူများအနက် ၆ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်
၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေး (ဗဟို)အကျဉ်းထောင်မှ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ၁၀ ဦးနှင့် ကျောင်းသူတစ်ဦး၊ စုစုပေါင်း ၁၁ ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ ၁၀ ဦးအနက် ၆ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
ဖြေဆိုအောင်မြင်သူ ၁၀ ဦးနက် သုံးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၂ ဦးဖြစ်ပြီး အောင်ချက်ရာနှုန်းအားဖြင့် ၉၀ ဒသမ ၉၀ ရာနုန်းဖြစ်သည်။
“ကိုဗစ်ကာလမှာ ကန့်သတ်ချက်တွေရှိတဲ့အတွက် ပြင်ပက ဆရာ/ဆရာမတွေကို ခေါ်ယူသင်ကြားပေးတာ မလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ကိုယ်တိုင် အနီးကပ် ကြီးကြပ်ဦးဆောင်ပြီး အရာရှိတွေကိုလည်း အဖွဲ့လိုက် ကြီးကြပ်စေဖို့ တာဝန်ပေး ကြိုးစားဆောင်ရွက်ခဲ့တယ်။ ခုလိုဂုဏ်ထူးတွေနဲ့ အောင်မြင်ကြလို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု မန္တလေး(ဗဟို)အကျဉ်းထောင်မှ တာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးအောင်မျိုးချွန် က ပြောသည်။
အကျဉ်းဦးစီးဌာနမှ အရာရှိများ အဖွဲ့လိုက်ကြီးကြပ်စေ၍ အကျဉ်းသား/ အကျဉ်းသူတွေထဲမှ ပညာတတ်မြောက်သည့် ကျောင်းဆရာဆရာမများကို ရွေးချယ်ကာ ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတန်းများနှင့်အညီ စနစ်တကျ သင်ကြားပို့ချပေးခဲ့ခြင်းကြောင့် ဂုဏ်ထူးများဖြင့် အောင်မြင်ကြကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးမှဖြေဆိုသူ ၃၃၅၄၈ ဦးအနက် ၁၆၇၄၇ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာနုန်း ၄၉ ဒသမ ၉၂ ရာနှုန်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖြေဆိုသူ ၂၈၁၇၅၁ ဦးတွင် ၁၃၂၀၇၇ ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာနှုန်းမှာ ၄၆ ဒသမ ၈၈ ရာနှုန်း ဖြစ်ကြောင်း သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/22/%e1%81%82%e1%81%80%e1%81%82%e1%81%82-%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%94/