“ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ”ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ် မိတ်ဆက်မျှဝေရန် မြန်မာလူငယ်များအား ဖိတ်ခေါ်လျက်ရှိ

Summary : “ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ” ခေါင်းစဉ်ဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုနှင့် ပြောင်မြောက်သော ပုံပြင်ဇာတ်ကြောင်းများကို ဗီဒီယိုမှတစ်ဆင့် နှီးနှောဖလှယ် မိတ်ဆက်မျှဝေရန် မြန်မာလူငယ်လေးများအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

“ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ”ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ် မိတ်ဆက်မျှဝေရန် မြန်မာလူငယ်များအား ဖိတ်ခေါ်လျက်ရှိ

“ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ”ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ် မိတ်ဆက်မျှဝေရန် မြန်မာလူငယ်များအား ဖိတ်ခေါ်လျက်ရှိ

“ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ” ခေါင်းစဉ်ဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုနှင့် ပြောင်မြောက်သော ပုံပြင်ဇာတ်ကြောင်းများကို ဗီဒီယိုမှတစ်ဆင့် နှီးနှောဖလှယ် မိတ်ဆက်မျှဝေရန် မြန်မာလူငယ်လေးများအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ယဉ်ကျေးမှု အပြန်အလှန် လေ့လာနှီးနှောဖလှယ်ခြင်းကို တစ်ဆင့်တက်၍ မြှင့်တင်ရန်၊ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှု တိုးမြှင့်ရန်နှင့် တရုတ်-မြန်မာလူငယ်များအကြား အွန်လိုင်း (Online) နှင့် အော့ဖ်လိုင်း (Offline) ပေါင်းစပ်ထားသည့် ယဉ်ကျေးမှုဖလှယ်ရေးပလက်ဖောင်း ထူထောင်ရန်တို့အတွက် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) ၏ “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် စတင်လိုက်ခြင်း ဖြစ်သည်။

“ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ”ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ် မိတ်ဆက်မျှဝေရန် မြန်မာလူငယ်များအား ဖိတ်ခေါ်လျက်ရှိ

အဆိုပါလှုပ်ရှားမှုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ Guangming Online စသည့် ဌာနအဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုဖြင့် တရုတ်နိုင်ငံ စုန့်ချင်လင် လူငယ်ဆိုင်ရာ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုစင်တာ (The China Soong Ching Ling Science & Culture Center for Young People) မှ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ နှင့်အတူ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုကို အသက် ၁၃ နှစ်မှ ၁၆ နှစ်ရှိလူငယ်များ ပါဝင်နိုင်ပြီး မိမိကိုယ်ကိုမိတ်ဆက်ခြင်း၊ ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ ဆိုင်ရာအကြောင်းရာနှင့် နုတ်ခွန်းဆက်စကား အပါအဝင် ၄ မိနစ်ထက်မပိုသော ဗီဒီယိုရိုက်ကူးယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဗီဒီယိုကို ဇူလိုင် ၃၀ ရက်နေ့နောက်ဆုံးထားကာ https://vote6.gmw.cn/photo-list.html?collection_id=489 တွင် စာရင်းပေးသွင်း ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အီးမေးလ်လိပ်စာ hdzj@sclc2017.org ဖုန်းနံပါတ် (+86) 010-53935571,(+86) 13511080846 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

မြသုခ

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/22/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%af%e1%80%95%e1%80%ba%e1%80%a1%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%b8-%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 18, 2022 5:58 下午
下一篇 6月 22, 2022 5:31 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....