ပြည်တွင်းဆီထွက်သီးနှံများ ဈေးကောင်းနေခြင်းကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုများလာ

Summary : ပြည်တွင်းဆီထွက်သီးနှံများ ဈေးကောင်းနေခြင်းကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုများလာကာ မိုပိုအဆင်ပြေ တွက်ခြေကိုက်နေကြောင်း သိရသည်။

ပြည်တွင်းဆီထွက်သီးနှံများ ဈေးကောင်းနေခြင်းကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုများလာ

ပြည်တွင်းဆီထွက်သီးနှံများ ဈေးကောင်းနေခြင်းကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုများလာ

ပြည်တွင်းဆီထွက်သီးနှံများ ဈေးကောင်းနေခြင်းကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုများလာကာ မိုပိုအဆင်ပြေ တွက်ခြေကိုက်နေကြောင်း သိရသည်။

နွေစပါးစိုက်ပျိုးမှုအတွက် ဆည်ရေလုံလောက်စွာရရှိမှု၊ စိုက်ပျိုးစရိတ်၊ သွင်းအားစုများ ဈေးကြီးမြင့်တို့ကို ချိန်ဆပြီး လက်ရှိစပါးပေါက်ဈေးအရ နွေနှမ်းစိုက်ပျိုးမှုက ဆည်ရေအတွက် မစိုးရိမ်ရခြင်း၊ စိုက်ပျိုးစရိတ်သက်သာခြင်း၊ ဆီထွက်သီးနှံ နှမ်းမြေပဲတို့ ဈေးကောင်းရရှိနေခြင်းတို့ကြောင့် အကျိုးအမြတ် ပိုမိုရရှိကြောင်း ထို့ပြင် စပါးပြီးစပါး စိုက်ပျိုးခြင်းထက် သီးနှံပြောင်းလဲစိုက်ပျိုးခြင်းက မြေပြုပြင်ပြီးဖြစ်သကဲ့သို့ သွင်းအားစုသုံးစွဲမှုကို များစွာလျော့ချနိုင်ကြောင်း ပုသိမ်ကြီးမြို့နယ်မှ တောင်သူ ဦးမျိုးသန့်က ပြောသည်။

ပြည်တွင်းဆီထွက်သီးနှံများ ဈေးကောင်းနေခြင်းကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုများလာ

“မတ်လက  စိုက်ပျိုးခဲ့တဲ့ နှမ်းကို အခုရိတ်သိမ်းပြီး မိုးစပါးကောက်ကြီးအတွက် ပျိုးထောင်နေပါပြီ။ ၇လပိုင်းမှာ ပျိုးထောင်ထားပြီး ၈ လပိုင်းမှာ မိုးစပါး အနေနဲ့ မဂျမ်းတော မျိုးစပါး စိုက်ပျိုးသွားမှာပါ။ နိုဝင်ဘာဘာကုန်လောက် မဂျမ်းတော မျိုးစပါးရိတ်သိမ်းပြီးရင် ကုလားပဲ စိုက်ပျိုးသွားမှာပါ။ ကုလားပဲကလည်း မတ်လမှာ ရိတ်ပြီးပြီးချင်း နှမ်းပြန်စိုက်ပျိုးပါတယ်။ ဒီလိုနဲ့ တစ်နှစ် သုံးသီး စိုက်ပျိုးပါတယ်။ နှမ်းကတော့ မိုးမရွာရင် ရေသွင်းနိုင်အောင် ရေသွင်းရေထုတ် စနစ်တကျ ဆောင်ရွက်ထားပါတယ်။ တောင်သူအများစုလည်း ဒီလိုစိုက်ပျိုးစေချင်ပါတယ်။ စပါးပြီးစပါးစိုက်ပျိုးလို့ အဆင်မပြေတော့ပါဘူး။ နွေစပါးစိုက်ပျိုးစရိတ်ထက် သက်သာတဲ့ နှမ်းစိုက်ပျိုးမှုက အထွက်နှုန်းကောင်း ဈေးကွက်ကောင်းတော့ နွေနှမ်းစိုက်ပျိုးမှုက ပိုမိုတွက်ခြေကိုက်ပါတယ်။ အခုလိုသွင်းအားစုတွေ ဈေးမြင့်မားချိန်မှာ စိုက်ပျိုးစရိတ်လျော့ချဖို့ သီးနှံတစ်ခုချင်း အကျိုးအမြတ်များဖို့ဆိုရင် အခုလို တစ်နှစ်သုံးသီး စိုက်ပျိုးခြင်းက သီးနှံကွင်းဆက်အလိုက် မြေပြုပြင်ပြီးဖြစ်သလို သွင်းအားစုသုံးစွဲမှုကို လျော့ချနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

နွေနှမ်းရိတ်သိမ်းလိုက်သည့် နှမ်းရိုးများသည် မိုးစပါးအတွက် မြေခံကောင်းသကဲ့သို့ မိုးစပါးရိတ်သိမ်းလိုက်သည့် ကောက်ရိုးသည် ကုလားပဲအတွက် အစိုဓါတ်ထိန်းပေးသည့်အပြင် ကုလားပဲ အပင်အာဟာရအတွက် အထောက်ကူဖြစ်ကြောင်း၊ ကုလားပဲရိတ်သိမ်းပြီး မြေထည်လိုက်ပါက နွေနှမ်းအတွက် မြေအချဉ်ဓါတ်ရကြောင်း၊ သီးနှံပြောင်းလဲစိုက်ပျိုးမှုက သွင်းအားစုမြေဆီသုံးစွဲမှု လျော့ချနိုင်သလို ကုလားပဲနှင့် နှမ်းမှာ ဈေးကွက်ဈေးကောင်းနေခြင်းကြောင့် တောင်သူများ အကျိုးအမြတ်များနေကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/22/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ae%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b6%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 22, 2022 5:33 下午
下一篇 6月 28, 2022 10:18 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....