၂၀၂၂ နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးအကျဉ်းဦးစီးဌာနမှ ဖြေဆိုသူများအနက် ၆ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်

Summary : ၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေး (ဗဟို)အကျဉ်းထောင်မှ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ၁၀ ဦးနှင့် ကျောင်းသူတစ်ဦး၊ စုစုပေါင်း ၁၁ ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ ၁၀ ဦးအနက် ၆ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၂ နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးအကျဉ်းဦးစီးဌာနမှ ဖြေဆိုသူများအနက် ၆ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်

၂၀၂၂ နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးအကျဉ်းဦးစီးဌာနမှ ဖြေဆိုသူများအနက် ၆ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်

၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေး (ဗဟို)အကျဉ်းထောင်မှ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ၁၀ ဦးနှင့် ကျောင်းသူတစ်ဦး၊ စုစုပေါင်း ၁၁ ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ ၁၀ ဦးအနက် ၆ ဦးမှာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

ဖြေဆိုအောင်မြင်သူ ၁၀ ဦးနက် သုံးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၂ ဦးဖြစ်ပြီး အောင်ချက်ရာနှုန်းအားဖြင့် ၉၀ ဒသမ ၉၀ ရာနုန်းဖြစ်သည်။

“ကိုဗစ်ကာလမှာ ကန့်သတ်ချက်တွေရှိတဲ့အတွက် ပြင်ပက ဆရာ/ဆရာမတွေကို ခေါ်ယူသင်ကြားပေးတာ မလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ကိုယ်တိုင် အနီးကပ် ကြီးကြပ်ဦးဆောင်ပြီး အရာရှိတွေကိုလည်း အဖွဲ့လိုက် ကြီးကြပ်စေဖို့ တာဝန်ပေး ကြိုးစားဆောင်ရွက်ခဲ့တယ်။ ခုလိုဂုဏ်ထူးတွေနဲ့ အောင်မြင်ကြလို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု မန္တလေး(ဗဟို)အကျဉ်းထောင်မှ တာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးအောင်မျိုးချွန် က ပြောသည်။

အကျဉ်းဦးစီးဌာနမှ အရာရှိများ အဖွဲ့လိုက်ကြီးကြပ်စေ၍ အကျဉ်းသား/ အကျဉ်းသူတွေထဲမှ ပညာတတ်မြောက်သည့် ကျောင်းဆရာဆရာမများကို ရွေးချယ်ကာ ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတန်းများနှင့်အညီ စနစ်တကျ သင်ကြားပို့ချပေးခဲ့ခြင်းကြောင့် ဂုဏ်ထူးများဖြင့် အောင်မြင်ကြကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးမှဖြေဆိုသူ ၃၃၅၄၈ ဦးအနက် ၁၆၇၄၇ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာနုန်း ၄၉ ဒသမ ၉၂ ရာနှုန်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖြေဆိုသူ ၂၈၁၇၅၁ ဦးတွင် ၁၃၂၀၇၇ ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာနှုန်းမှာ ၄၆ ဒသမ ၈၈ ရာနှုန်း ဖြစ်ကြောင်း သိရသည်။

ရှမ်းချန်

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/22/%e1%81%82%e1%81%80%e1%81%82%e1%81%82-%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 22, 2022 5:31 下午
下一篇 6月 22, 2022 5:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....