စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်းဖွင့်လှစ်
စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်းကို ဇွန်လ(၂၁)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင် – ၁ ၊ ဒုတိယဗိုလ်မှူးကြီးတို့က စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နိုင်ငံ့လက်ရွေးစင် တိုင်းဒေသကြီးဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် မြို့နယ်များအတွင်းရှိ ထူးချွန်သည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကွင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမျိုးသား မီတာ ၁၀၀၀၀ နှင့် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က “နိုင်ငံတော်အနေနဲ့ မြန်မာ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အဘက်ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်”ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေး မှူး ဦးကျော်မင်းသန်းက Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်း တည်ဆောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်းအား ၂၀၂၁ – ၂၀၂၂ လဏ္ဍာနှစ် (၆)လဘက်ဂျက် ပြည်ထောင်စုခွင့်ပြုငွေကျပ် ၁၅၅၀ သန်းဖြင့်တည်ဆောက်ခဲ့ကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/28/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8a-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%81%87%e1%81%80%e1%81%80/