ပဲမျိုးစုံဈေးကွက် အရောင်းအဝယ်သွက်

Summary : တရုတ်လိုင်းပို့ကုန်လမ်းကြောင်း တင်ပို့မှု ကောင်းလာခြင်းကြောင့် ပဲမျိုးစုံဈေးကွက် အရောင်းအဝယ်သွက်နေပြီး အမျိုးအစားအလိုက် အနည်းငယ် ဈေးမြင့်တက်လာကာ ထူးထူးခြားခြား ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၀၀၀၀၀ ပေါက်ဈေး ဖြစ်လာကြောင်းသိရသည်။

တရုတ်လိုင်းပို့ကုန်လမ်းကြောင်း တင်ပို့မှု ကောင်းလာခြင်းကြောင့် ပဲမျိုးစုံဈေးကွက် အရောင်းအဝယ်သွက်နေပြီး အမျိုးအစားအလိုက် အနည်းငယ်ဈေးမြင့်တက်လာ

ပဲမျိုးစုံဈေးကွက် အရောင်းအဝယ်သွက်

တရုတ်လိုင်းပို့ကုန်လမ်းကြောင်း တင်ပို့မှု ကောင်းလာခြင်းကြောင့် ပဲမျိုးစုံဈေးကွက် အရောင်းအဝယ်သွက်နေပြီး အမျိုးအစားအလိုက် အနည်းငယ် ဈေးမြင့်တက်လာကာ ထူးထူးခြားခြား ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၀၀၀၀၀ ပေါက်ဈေး ဖြစ်လာကြောင်းသိရသည်။

ဈေးကွက်အတွင်း ပဲအမျိုးအစားအလိုက် တစ်အိတ်ကျပ် ၂၀၀၀-၃၀၀၀ ဈေးမြင့်တက်လာကြောင်း၊ ပို့ကုန်ပဲများတွင် မတ်ပဲတစ်မျိုးသာ လက်ကျန်နည်းပါးတာသဖြင့် ဈေးအနည်းငယ်မြင့်တက်လာကြောင်း၊ စားအုန်းဆီများ ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာတာကြောင့် မြေပဲဆံ ဈေးအနည်းငယ် ကျဆင်းလာသော်လည်း ကုန်သည်များထံ လက်ကျန်နည်းလာသည့် ကျွန်းစားတော်ပဲတစ်အိတ်လျှင် ကျပ် ၃၀၀၀၀၀ ထိ ပေါက်ဈေးဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ပဲနှမ်းဈေးကွက် တစ်ခုလုံး အရောင်းအဝယ်ကောင်းနေပေမယ့် အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၁၀၀၀-၂၀၀၀ ခန့်သာ ဈေးမြင့်တက်လာပါတယ်။ ကုလားပဲအုပ်စုကလည်း လက်ကျန်နည်းလာတော့ ဈေးလည်းမြင့်တက်လာတယ်။ မြေပဲဆံဈေးကတော့ စားအုန်းဆီဈေးကွက်ထဲရောက်လာတော့ တစ်ပိသာ ကျပ် ၁၀၀-၁၅၀ လောက် ဈေးကျသွားပါတယ်။  ပို့ကုန်ပဲတွေမှာ မတ်ပဲဈေးက ၁၅၃၀၀၀-၁၅၅၀၀၀ ဈေးနဲ့ အဝယ်သွက်ပေမယ့် ဈေးကတော့ ထင်သလောက်တက်မလာပါဘူး။ ပဲတီစိမ်းအညာတွေဆိုရင် တစ်အိတ်    ၁၄၀၀၀၀ ပေါက်ဈေး ဖြစ်လာပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ဈေးငြိမ်နေပါတယ်။ တရုတ်ပို့ကုန်လမ်းကြောင်း ကောင်းလာတော့ ပဲဈေးကွက် အရောင်းအဝယ် သွက်နေပါတယ်။ ကျွန်းစားတော်ပဲကတော့ ထူးထူးခြားခြား တစ်အိတ်ကျပ် ၃၀၀၀၀၀ ပေါက်ဈေးဖြစ်လာပါတယ်” ဟု ၎င်းက ပြောသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/28/%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%af%e1%80%b6%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 28, 2022 10:22 下午
下一篇 7月 1, 2022 11:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....