ပြည်ပဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စားလာ

Summary : ပြည်တွင်းစားသုံးမှု ဈေးကွက်တွင်သာမက ပြည်ပသို့တင်ပို့သည့် ဆန်ဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စားလာကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

ပြည်ပဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စားလာ

ပြည်ပဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စားလာ

ပြည်တွင်းစားသုံးမှု ဈေးကွက်တွင်သာမက ပြည်ပသို့တင်ပို့သည့် ဆန်ဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စားလာကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

GW-11 စပါးမျိုးမှာ နွေ၊မိုး နှစ်သီးလုံးစိုက်ပျိုးနိုင်သည့် စပါးမျိုးဖြစ်ပြီး အထွက်နှုန်း တင်း ၁၅၀ ကျော် ထွက်ရှိသဖြင့် လက်ရှိကာလ စိုက်ပျိုးစရိတ်မြင့်မားချိန် တောင်သူများတွက်ခြေကိုက်သည့်အပြင် ပို့ကုန်တန်းမြင့်ဆန်ဈေးကွက်တွင် နာမည်ရ အဝယ်လိုက်လာသည့် တင်း ၁၀၀ ကျပ် ၉သိန်းခွဲမှ ၁၀သိန်းခွဲအကြားရရှိသည့် စပါးမျိုးဖြစ်လာကြောင်း မန္တလေးမြို့ ဂရိတ်ဝေါလ် ကုမ္ပဏီ၏ စိုက်ပျိုးရေး သုတေသနခြံမှ သိရသည်။

ပြည်ပဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စားလာ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ စပါးစိုက်တောင်သူများသည် လာမည့် မိုးစပါးရာသီတွင် အဆိုပါ GW-11 စပါးမျိုးစိုက်ပျိုးရန် စိတ်ဝင်စားကြသဖြင့် မျိုးစပါးထုတ်လုပ်ဖြန့်ဖြူးသည့် မန္တလေးမြို့ ဂရိတ်ဝေါလ် ကုမ္ပဏီ၏ စိုက်ပျိုးရေး သုတေသနခြံသို့ ဇွန် ၂၅ ရက်နေ့က လာရောက်လေ့လာကြပြီး အလားတူ အခြားသောမြို့နယ်များကလည်း လာရောက်လေ့လာခဲ့ကြသည်ဟု ဂရိတ်ဝေါလ် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကြာမီက နေပြည်တော်တွင် GW-11 အထွက်နှုန်းမြင့် မျိုးစပါး စံကွက်ရိတ်သိမ်းမှု အပြီးတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ကြီးဌာနက စပါးအထွက်နှုန်း တင်း ၁၄၀ ကျော်ထွက်ရှိကြောင်းနှင့် GW-11 စပါးမျိုးမှာ အပင်သက်တမ်း ၁၁၀ ရက် ကြာမြင့်သဖြင့် နွေစပါး၊မိုးစပါး နှစ်မျိုးစလုံး စိုက်ပျိုးနိုင်ကြောင်း၊ အပင်ပေါက်ရာခိုင်နှုန်း မြင့်မားသကဲ့သို့ ပင်ပွှားနှုန်းလည်း ကောင်းမွန်ခြင်းကြောင့် တစ်ဧက အောင်နှံ ၁၂သိန်း၊ အောင်စေ့ရာခိုင်နှုန်း ၈၅ရာခိုင်နှုန်းကျော် ဖြစ်ခြင်းကြောင့် တစ်ဧက အထွက်နှုန်း ၁၅၀-၁၆၀ ကျော်ထွက်ရှိကြောင်း၊ တစ်ဧက စိုက်ပျိုးစရိတ်မှာ ရိတ်သိမ်းသည်အထိ ကျပ် ၄သိန်းကျော်သာ ဒေသစပါးမျိုးများနှင့် အတူတူ ကုန်ကျသော်လည်း စပါးတင်းပိုမိုထွက်ရှိခြင်း စပါးဈေးကောင်း ရရှိခြင်းတို့ကြောင့် တစ်ဧက အကျိုးအမြတ် ငွေကျပ် ၄သိန်းခွဲခန့်ရရှိကြောင်း၊ စနစ်တကျတွက်ချက်ပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး က စံကွက်ရိတ်သိမ်းမှုအပြီး ထုတ်ပြန်ထားကြောင်း သိရသည်။

GW-11မျိုးစပါးကို ၂၀၂၁ခုနှစ်တွင် ဧရာဝတီတိုင်းတွင် စတင်ဖြန့်ဖြူးစိုက်ပျိုးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပဲခူးတိုင်းအနောက်ပိုင်းတွင် စိုက်ပျိုးခဲ့ရာ တောင်သူများအနေဖြင့် GW-11  မျိုးစပါး ပိုမိုရောင်းချပေးနိုင်ရန် တောင်းဆိုမှုများ ရှိလာကြောင်း၊ ယခုနှစ်တွင် GW—11 စပါးစိုက်ပျိုးဧက ၂သိန်း၅သောင်း အတွက် မျိုးစပါးရရှိရေးအတွက် နွေစပါး ၊မိုးစပါး နှစ်သီးစိုက်ပျိုးပြီး ထုတ်လုပ်ပေးနေကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် GW-11 စပါးမျိုး ဧက ၆သိန်း စိုက်ပျိုးနိုင်ရန် မျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခင်က နေပြည်တော်တွင် ဧက ၈၀၀၊ ပဲခူးတိုင်းအုတ်တွင်း တွင် ဧက ၄၀၀ ကို နွေစပါး၊မိုးစပါး စိုက်ပျိုးပြီး မျိုးစပါးထုတ်လုပ်ခဲ့ရာ GW—11 စပါးစိုက်ဧက ၁၂၀၀၀၀ အတွက် ဖြန့်ဖြူးနိုင်ခဲ့ကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင် က ပြောသည်။

ထို့ပြင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှ လာရောက်လေ့လာသည့် တောင်သူများကို ပုသိမ်ကြီးမြို့နယ်အတွင်း GW-11 စပါးမျိုးများ ထုတ်လုပ်နေမှုများနှင့် အဲဗားဂရင်းမြက်နှင့် ပြည်လုံးချမ်းသာ ရောနှောသစ်တောစိုက်ခင်း စိုက်ပျိုးထားရှိမှုကိုလည်း ရှင်းလင်းပြသခဲ့ပြီး စစ်ကိုင်းမြို့ စက်မှုဇုံရှိ အထပ်သားထုတ်လုပ်နေမှု၊ သြဂဲနစ်ကွန်ပေါင်းဓာတ်မြေသြဇာ ထုတ်လုပ်နေမှုများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/28/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%95%e1%80%ab-%e1%80%88%e1%80%b1%e1%80%b8%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 28, 2022 10:19 下午
下一篇 6月 28, 2022 10:22 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....