တိုက်ခိုက်နေသည့်လုပ်ရပ်ကိုမြန်မာဝမ်ပေါင်ရှုပ်ချ

Summary : စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် သတ္တုတွင်းဧရိယာသို့ လက်နက်ကိုင်အဖွဲ့များက ဆက်တိုက် တိုက်ခိုက်နေသည့် လုပ်ရပ်ကို ပြင်းထန်စွာရှုပ်ချကြောင်း မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးလီမိတက် ဒုတိယအထွေထွေမန်နေဂျာက ဇွန်လ ၂၇ ရက် လက်မှတ်ရေးထိုးထားသည့် ရှင်းလင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင်သတ္တုတွင်းဧရိယာသို့ လက်နက်ကိုင်အဖွဲ့များက ဆက်တိုက် တိုက်ခိုက်နေသည့် လုပ်ရပ်ကို ပြင်းထန်စွာရှုပ်ချကြောင်း မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးလီမိတက်က ထုတ်ပြန်

တိုက်ခိုက်နေသည့်လုပ်ရပ်ကိုမြန်မာဝမ်ပေါင်ရှုပ်ချတိုက်ခိုက်နေသည့်လုပ်ရပ်ကိုမြန်မာဝမ်ပေါင်ရှုပ်ချတိုက်ခိုက်နေသည့်လုပ်ရပ်ကိုမြန်မာဝမ်ပေါင်ရှုပ်ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် သတ္တုတွင်းဧရိယာသို့ လက်နက်ကိုင်အဖွဲ့များက ဆက်တိုက် တိုက်ခိုက်နေသည့် လုပ်ရပ်ကို ပြင်းထန်စွာရှုပ်ချကြောင်း မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးလီမိတက် ဒုတိယအထွေထွေမန်နေဂျာက ဇွန်လ ၂၇ ရက် လက်မှတ်ရေးထိုးထားသည့် ရှင်းလင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာဝေးပစ်လက်နက်များဖြင့် သတ္တုတွင်းဧရိယာအတွင်း ဗုံးအများအပြား ပစ်လွှတ်ခဲ့ပြီး ဗို့အားမြင့်ဓာတ်အားပေးတာဝါတိုင်မှာလည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဖြစ်စဥ်တွင် ကံအားလျော်စွာ လူအသေထိခိုက် ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်သည် စီမံကိန်းဆိုက်အတွင်းရှိ ဝန်ထမ်းများ၏ အသက်လုံခြုံရေးကို အလေးမထားခြင်းဖြစ်သကဲ့သို့ စီမံကိန်းပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း ထိခိုက်ပျက်ဆီးစေနိုင်သောကြောင့် အဆိုပါလုပ်ရပ်ကို ပြင်းထန်စွာ ရှုပ်ချကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၁ခု ဖေဖော်ဝါရီလမှစ၍ စီမံကိန်းထုတ်လုပ်မှုလုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ကြီးမားသောလုပ်ငန်းလည်ပတ်မှာ အခက်အခဲများ ငွေကြေးဆိုင်ရာဖိအားများ ရင်ဆိုင်နေရချိန်တွင် စက်ရုံထိန်းသိမ်းရေး ကုမ္ပဏီဝန်ထမ်းများနှင့် စီမံကိန်းဝန်းကျင် ရပ်မိရပ်ဖများ၏ အကျိုးဖြစ်ထွန်းစေရေးအတွက် ငွေကြေးများကို ရင်းနှီးမြုပ်နှံထားကြောင်း၊ အချို့သော မြန်မာဝန်ထမ်းများသည် မိမိသဘောဆန္ဒအရ သတ္ထုတွင်းဧရိယာတွင် နေထိုင်ပြီး စက်ရုံထိမ်းသိမ်းရေးနှင့် လုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြင့် မိသားစုများကို ပို၍ထောက်ပံ့ရန် ရွေးချယ်လုပ်ဆောင်နေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/01/%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b7%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 1, 2022 11:14 下午
下一篇 7月 1, 2022 11:17 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....