16th ASEAN-China forum on social development and poverty reductionသို့ဦးလှမိုးတက်ရောက်

Summary : တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၆ ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဖိုရမ်ကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပကြောင်း သိရသည်။

 (၁၆)ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်ဆွေးနွေး

6th

တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၆ ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဖိုရမ်ကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပကြောင်း သိရသည်။

အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ဆန်းသစ်ရေး စီမံခန့်ခွဲမှု အဖွဲ့မှ Administrator H.E. LUI Huanxin နှင့် အဖွဲ့ဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးဗဟိုဌာန (IPRCC) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် မမျှော်မှန်းထားသည့်စိန်ခေါ်မှု အခက်အခဲများ၊ အလှည့်အပြောင်းများ ကြုံတွေ့ခဲ့ရပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းခဲ့ရပါကြောင်း၊ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာလုပ်ငန်း စီမံချက်မူဘောင် ၂၀၂၁-၂၀၂၅ ကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပေါင်းစည်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက် တစ်ခုအဖြစ် ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး အောင်မြင်နိုင်စေရန်အတွက် မြို့ပြနှင့်ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်သွားရန် မျှော်မှန်းထားရှိပြီးဖြစ်ပါကြောင်း စသဖြင့် ဆွေးနွေးခဲ့ပါသည်။

ထို့အတူ တရုတ်နိုင်ငံအစိုးရ၏ ငွေကြေးပံ့ပိုးကူညီမှုများဖြင့် ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးစံပြ စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လက်တလောကာလတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအောက်မှ ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေး စီမံကိန်းအဆင့်(၂)၊ ကျေးလက်ရေရရှိရေးစီမံကိန်း၊ ကျေးလက် မီးလင်းရေးစီမံကိန်းနှင့် ဘက်စုံကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆိုင်ရာအောင်မြင်မှုများဟာ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် အဖိုးတန်သော စံနမူနာများအဖြစ် အသုံးချနိုင်မည်ဟုလည်း မိမိတိုအနေဖြင့် ယုံကြည်မိပါကြောင်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့သည်။

ဖိုရမ်သို့တက်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများက လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်များနှင့် ချိတ်ဆက် ဆောင်ရွက်နေမှု၊ အောင်မြင်မှု၊ အတွေ့အကြုံကောင်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကြကာ လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း ပတ်ဝန်းကျင် တိုးတက်ပြောင်းလဲရေးဆိုင်ရာ ကဏ္ဍတို့ကို အုပ်စုများခွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/01/16th-asean-china-forum-on-social-development-and-poverty-reduction%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%a6%e1%80%b8%e1%80%9c%e1%80%be%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 1, 2022 11:17 下午
下一篇 7月 1, 2022 11:21 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....