နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)

Summary : ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) မှ အခွင့်အလမ်းသစ်များကို ဆုပ်ကိုင်ကာ အာဆီယံစီးပွားရေးလုပ်ငန်းများ၊ သိပ္ပံဆိုင်ရာ သုတေသနအဖွဲ့အစည်းများနှင့် တက္ကသိုလ်များ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန်အတွက် လွတ်လပ်သောကုန်သွယ်မှုဇုန် နိုင်ငံတကာအွန်လိုင်းမိတ်ဆက်ပွဲကို ဇွန်လ ၂၉ရက် မွန်းလွဲ ၃နာရီက တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပကြောင်း သိရသည်။

နန်နင်းဒေသ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ရင်နှီးမြှုပ်နှံမှု စတင်နိုင် (၁)

နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) မှ အခွင့်အလမ်းသစ်များကို ဆုပ်ကိုင်ကာ အာဆီယံစီးပွားရေးလုပ်ငန်းများ၊ သိပ္ပံဆိုင်ရာ သုတေသနအဖွဲ့အစည်းများနှင့် တက္ကသိုလ်များ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန်အတွက် လွတ်လပ်သောကုန်သွယ်မှုဇုန် နိုင်ငံတကာအွန်လိုင်းမိတ်ဆက်ပွဲကို ဇွန်လ ၂၉ရက် မွန်းလွဲ ၃နာရီက တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို  တရုတ်နိုင်ငံ ကွမ်ရှီကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ တရုတ်-အာဆီယံ စမတ်စီးတီးအသင်း တီထွင်ဖန်တီးရေးစင်တာ တတိယထပ် ဒစ်ဂျစ်တယ်စီးပွား‌ရေး ရှေ့ပြေးဇုန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၁)

ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ချူလာလုံကုံးတက္ကသိုလ် စက်မှုနှင့်ကမ္ဘာ့မဟာမိတ်အဖွဲ့ ဒုတိယ အမှုဆောင်အရာရှိ ဒေါက်တာပီထရို ဘိုဆန်နို (Dr.PietroBorsano) က ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် အသွင်ပြောင်းရေးဆိုင်ရာမူဝါဒများနှင့် အနာဂတ်အလား အလာတို့ကို မျှဝေပေးခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့အကြား ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ‌‌‌ပြောပြ ခဲ့ကာ အကြံဉာဏ်ကောင်းများပေးခဲ့သည်။

ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်၏ နယ်မြေစီမံခန့်ခွဲမှုကော်မတီ မူဝါဒတီထွင်ဖန်တီးရေးဌာနမှ မစ္စတာလျှိုရှီလောင် (Mr. Liu Xilong)က နန်နင်းမြို့ လွတ်လပ်သောစီးပွားရေးဇုန်၏ စီးပွားရေး ပတ်ဝန်းကျင်၊ စက်မှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လက္ခဏာများနှင့် မူဝါဒများ၏ အားသာချက်များကို ရှင်းပြသည်။ ထို့နောက် တရုတ်နိုင်ငံ ကွမ်ရှီဒေသ၏ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ပံ့ပိုးပေးမည့် မူဝါဒများကို မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံ အမျိုးသား ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NHS) အဖွဲ့ဝင်၊ ထိုင်းနိုင်ငံ အမျိုးသားသိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း၏ အမှုဆောင် ဒါရိုက်တာ၊ Guangxi Xihe Technology Co., Ltd. ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စစ်ဆွန်နာချာဖီချန် (Mrs. Sasion Nachaphichan)က နန်နင်းဒေသ ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်မှုဇုန်၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံထားသူများကိုယ်စား နိုင်ငံတကာဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းများနှင့် သူမ၏ စွန့်ဦးတီထွင်မှု အတွေ့အကြုံကို မျှဝေခဲ့သည်။ သူမက နန်နင်း၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်နှင့် ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများကို အပြည့်အဝ ကျေနပ်ကြောင်းအတည်ပြုကာ နန်နင်းတွင် ရင်းနှီး မြုပ်နှံရန်နှင့် စီးပွားရေးလုပ်ငန်းများ စတင်ရန် နိုင်ငံရပ်ခြားမှ လုပ်ငန်းရှင်များအား တိုက်တွန်းခဲ့သည်။

အောင်မျိုးထွန်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/02/%e1%80%94%e1%80%94%e1%80%ba%e1%80%94%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9edigital%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%9b-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 2, 2022 7:47 上午
下一篇 7月 2, 2022 7:49 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....