နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)

Summary : နန်နင်းဒေသ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းရှင်များအတွက် ဇုန်ပတ်ဝန်းကျင်အတွင်း ဝန်ဆောင်မှုများနှင့် ထောက်ခံအားပေးမှု မူဝါဒများကို တရုတ်-အာဆီယံ စမတ်စီးတီးအသင်း တီထွင်ဖန်တီးရေး စင်တာ၊ China-ASEAN Geographic Information and Satellite Application Industrial Parkမှ တာဝန်ရှိသူများက အသီးသီး မိတ်ဆက်ပေးကြသည်။ ဆွေးနွေးပွဲတွင် မြေနေရာငှားရမ်းခ ထောက်ပံ့ကြေး၊ ပြည်ပလုပ်ငန်းရှင်များ ဖိတ်ခေါ်ခြင်းစသည့် ပြည်ပလုပ်ငန်းရှင်များ အထူး စိတ်ဝင်စားသည့် မေးခွန်းများကို နက်နက်နဲနဲဆွေးနွေးခဲ့ကြသည်။

နန်နင်းဒေသ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ရင်နှီးမြှုပ်နှံမှု စတင်နိုင် (၂)

နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)

နန်နင်းဒေသ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းရှင်များအတွက် ဇုန်ပတ်ဝန်းကျင်အတွင်း ဝန်ဆောင်မှုများနှင့် ထောက်ခံအားပေးမှု မူဝါဒများကို တရုတ်-အာဆီယံ စမတ်စီးတီးအသင်း တီထွင်ဖန်တီးရေး စင်တာ၊ China-ASEAN Geographic Information and Satellite Application Industrial Parkမှ တာဝန်ရှိသူများက အသီးသီး မိတ်ဆက်ပေးကြသည်။ ဆွေးနွေးပွဲတွင် မြေနေရာငှားရမ်းခ ထောက်ပံ့ကြေး၊ ပြည်ပလုပ်ငန်းရှင်များ ဖိတ်ခေါ်ခြင်းစသည့် ပြည်ပလုပ်ငန်းရှင်များ အထူး စိတ်ဝင်စားသည့် မေးခွန်းများကို နက်နက်နဲနဲဆွေးနွေးခဲ့ကြသည်။

နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)နန်နင်းဒေသDigitalစီးပွားရေးရင်နှီးမြှုပ်နှံမှုစတင်(၂)

၎င်းတို့ထဲတွင် စင်္ကာပူ Datality Lab ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာမစ္စာအက်တ်ဝင် (Mr. Edwin)က စီးပွားရေးလုပ်ငန်း အခြေချပြီးနောက် အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများရရှိရေး မည်သို့ကူညီ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် စင်တာမှ ဒုတိယမန်နေဂျာ မစ္စတာဝူ (Cloudy Wu)က မိမိတို့သည် ပြည်ပရင်းနှီးမြှုပ်ရေးလုပ်ငန်းများအတွက် အခြေချဝန် ဆောင်မှုရှိကြောင်း၊ ဒေသတက္ကသိုလ်၊ နန်နင်းမြို့လူ့စွမ်းအားအရင်းအမြစ်ဌာန၊ လူစွမ်းအား အရင်းအမြစ်ဇုန် စသည်တို့မှ ခေါ်ယူနိုင်ပြီး ဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကြောင်း ရှင်းပြသည်။

ဆွေးနွေးပွဲအပြီးတွင် စင်ကာပူနိုင်ငံ Datality Lab ကုမ္ပဏီနှင့် CBE eco-solutions ကုမ္ပဏီ၊ လာအိုအာဆီယံနည်းပညာကုမ္ပဏီတို့သည် ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်၊ နန်နင်းဒေသတွင် အခြေချရင်းနှီးမြှုပ်နှံရန်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

နန်နင်းဒေသ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် နိုင်ငံတကာအွန်လိုင်းမိတ်ဆက်ပွဲကို တရုတ်(ကွမ်ရှီ) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်၊ နန်နင်းဇုန်ဒစ်ဂျစ်တယ်စီးပွားရေး စီမံခန့်ခွဲမှု ကော်မတီမှ အဓိကကူညီခြင်းဖြစ်ပြီး၊ နန်နင်းယွမ်ပေါင်စမတ်စီးတီး ဒေတာကုမ္ပဏီမှ အားဖြည့်ကူညီကာ၊ တရုတ်-အာဆီယံ စမတ်စီးတီးအသစ်အသင်း တီထွင်ဖန်တီးရေးစင်တာ၊ တရုတ်-အာဆီယံ ပထဝီဝင်အချက်အလက်နှင့် ဂြိုလ်တုအပလီကေးရှင်း စက်မှုဇုန်၊ တရုတ်(ကွမ်ရှီး) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် နန်နင်းဒေသ ဒစ်ဂျစ်တယ်စီးပွားရေး မြှင့်တင်ရေးအသင်း (China-ASEAN Geographic Information and Satellite Application Industrial Park၊ China(Guangxi) Pilot Free Trade Zone Nanning Area Digital Economy Promotion Association) တို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ ရှေ့ပြေးလွတ်လပ် စွာကုန်သွယ်မှုဇုန် နန်နင်းဇုန် ဒစ်ဂျစ်တယ်စီးပွားရေး စီမံခန့်ခွဲမှုကော်မတီ၊ လျံချင့်ဒေသ ပြည်သူ့အစိုးရ၊ ASEAN Technology Co., Ltd.၊ Guangxi Laizanbao Network Techonology Co., Ltd.မှ တက်ရောက်ကြပြီး စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ လာအို၊ မြန်မာစသည့်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်နှင့် ကိုယ်စားလှယ် (၃၀) ကျော်တို့က အွန်လိုင်းမှ တဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးထွန်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/02/%e1%80%94%e1%80%94%e1%80%ba%e1%80%94%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9edigital%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 2, 2022 7:45 上午
下一篇 7月 2, 2022 7:48 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....