ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှလှူဒါန်း

Summary : တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသို့ မြန်မာနိုင်ငံအတွက် လှူဒါန်းထောက်ပံ့ရေး စီမံကိန်းစာရင်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ မြန်မာနိုင်ငံအတွက် နေ့စဉ်လူမှုဘဝလိုအပ်ချက်ဆိုင်ရာစီမံကိန်းများ လှူဒါန်းထောက်ပံ

ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှလှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသို့ မြန်မာနိုင်ငံအတွက် လှူဒါန်းထောက်ပံ့ရေး စီမံကိန်းစာရင်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှလှူဒါန်း

အဆိုပါလှူဒါန်းမှုမှာ တရုတ်နိုင်ငံရှိ ပေါက်စန်း၊ စစ်ဆောင်ပန်းနား၊ တက်ဟုန်း၊ နုကျန်းနှင့် လင်ချမ်းစသည့် ပြည်နယ်ခွဲနှင့်မြို့ပြတို့က မြန်မာနိုင်ငံသို့ လမ်းမီး၊ ဘတ်စကတ်ဘောကွင်း၊ နေ့စဥ်သုံးပစ္စည်းများ၊ အများသုံးအပန်းဖြေစခန်း၊ ကျောင်းသုံးပစ္စည်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း၊ မြို့ပြအမှိုက်သိမ်းယာဥ်နှင့် တိုင်းရင်းဆေးပျိုးပင် စသည့်ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝလိုအပ်ချက်ဆိုင်ရာ စီမံကိန်းများအား ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလွှဲပြောင်းလှူဒါန်းပေးအပ်မှုကို ဇွန်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် တပြိုင်တည်း ကျင်းပခဲ့သည့်  “လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူ ပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ”တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကိုစိုင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/02/%e1%80%9a%e1%80%b0%e1%80%94%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%b7%e1%80%95%e1%80%bc%e1%80%8a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 2, 2022 7:45 上午
下一篇 7月 2, 2022 7:47 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....