ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ မြန်မာနိုင်ငံအတွက် နေ့စဉ်လူမှုဘဝလိုအပ်ချက်ဆိုင်ရာစီမံကိန်းများ လှူဒါန်းထောက်ပံ
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသို့ မြန်မာနိုင်ငံအတွက် လှူဒါန်းထောက်ပံ့ရေး စီမံကိန်းစာရင်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုမှာ တရုတ်နိုင်ငံရှိ ပေါက်စန်း၊ စစ်ဆောင်ပန်းနား၊ တက်ဟုန်း၊ နုကျန်းနှင့် လင်ချမ်းစသည့် ပြည်နယ်ခွဲနှင့်မြို့ပြတို့က မြန်မာနိုင်ငံသို့ လမ်းမီး၊ ဘတ်စကတ်ဘောကွင်း၊ နေ့စဥ်သုံးပစ္စည်းများ၊ အများသုံးအပန်းဖြေစခန်း၊ ကျောင်းသုံးပစ္စည်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း၊ မြို့ပြအမှိုက်သိမ်းယာဥ်နှင့် တိုင်းရင်းဆေးပျိုးပင် စသည့်ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝလိုအပ်ချက်ဆိုင်ရာ စီမံကိန်းများအား ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလွှဲပြောင်းလှူဒါန်းပေးအပ်မှုကို ဇွန်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် တပြိုင်တည်း ကျင်းပခဲ့သည့် “လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူ ပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ”တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/02/%e1%80%9a%e1%80%b0%e1%80%94%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%80%b0%e1%80%b7%e1%80%95%e1%80%bc%e1%80%8a/