“လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာ နယ်စပ်ဒေသပြည်သူပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ”ကျင်းပ
“လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ”ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖျော်ဖြေပွဲအား “တစ်ရေတည်းသောက်၊ ပေါက်ဖော်မေတ္တာ မြင့်မြတ်လေးနက်၏” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသပြည်သူပြည်သားများ စုစုပေါင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။
ဖျော်ဖြေပွဲတွင် တရုတ်နှင့်မြန်မာနှစ်နိုင်ငံလူငယ်များ၊ နယ်စပ်ဒေသပြည်သူပြည်သားများက ဝါကျတစ်ကြောင်း အတူရေးသားခြင်း၊ သီချင်းတစ်ပုဒ်အတူသီဆိုခြင်း၊ အကတစ်ခုအတူကခြင်း စသည့်အနုပညာဖျော်ဖြေမှုအစီအစဥ်များဖြင့် တင်ဆက်ခဲ့ကြသည်။
တရုတ်ယူနန်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသနေ ပြည်သူပြည်သားများအကြား ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရန်၊ တရုတ်ယူနန်နှင့် မြန်မာနယ်စပ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွအကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
ယခုအကြိမ်လှုပ်ရှားမှုအစီအစဥ်သည် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/02/%e1%80%9c%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9a%e1%80%be%e1%80%80%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%81/