အကြိမ်၄၀မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲကျင်းပ

Summary : အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဇူလိုင် ၁ ရက်တွင် ကျင်းပကြောင်း သိရသည်။

အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကျင်းပ

အကြိမ်၄၀မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲကျင်းပ

အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဇူလိုင် ၁ ရက်တွင် ကျင်းပကြောင်း သိရသည်။

အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၃၁၇,၅၅၀ အုပ်ရောင်းချနိုင်ခဲ့ပြီး ထီဆုငွေ ကျပ်သန်းပေါင်း ၂၂၂၂.၈၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ထားသည်။

အကြိမ် ၄၀ မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ည အက္ခရာ အထိ စုစုပေါင်းအက္ခရာ ၁၀ လုံးတွင် ထီစာအုပ် ၃၁၇,၅၅၀ အုပ်ရောင်းချနိုင်ခဲ့ရာ ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၃၁၇၅.၅၀၀ ဖြစ်သဖြင့် ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၂၂၂၂.၈၅၀ ဖြစ်ကြောင်း သိရသည်။

အကြိမ်၄၀မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲကျင်းပ

ထီဖွင့်ပွဲတွင် အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ခြောက်ဆု၊ ကျပ်သိန်းငါးဆယ် ၁၁ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၃ ဆု၊ ကျပ်ဆယ်သိန်း ၁၂ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၁၂,၀၀၀ ဆု စသည့် ဆုများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/02/%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%81%84%e1%81%80%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%98%e1%80%ac%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 2, 2022 7:48 上午
下一篇 7月 6, 2022 9:55 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....