ပြည်တွင်းသကြားဈေးကွက်ပေါက်ဈေးမြင့်တက်နေ

Summary : ဂရိတ်ဝေါလ်-ဝေမာသကြားစက်ရုံသည် သကြားများ ထုတ်ရောင်းချခြင်းမရှိသဖြင့် ပြည်တွင်းသကြားဈေးကွက်မှာ နိုင်ငံတကာသကြားပေါက်ဈေးထက် မြင့်တက်နေရကြောင်း သိရသည်။

ဂရိတ်ဝေါလ်-ဝေမာသကြားစက်ရုံက သကြားများရောင်းချခြင်းမရှိသဖြင့် ပြည်တွင်းသကြားဈေးကွက်တွင် နိုင်ငံတကာသကြားပေါက်ဈေးထက် မြင့်တက်နေ

ပြည်တွင်းသကြားဈေးကွက်ပေါက်ဈေးမြင့်တက်နေ

ဂရိတ်ဝေါလ်-ဝေမာသကြားစက်ရုံသည် သကြားများ ထုတ်ရောင်းချခြင်းမရှိသဖြင့် ပြည်တွင်းသကြားဈေးကွက်မှာ နိုင်ငံတကာသကြားပေါက်ဈေးထက် မြင့်တက်နေရကြောင်း သိရသည်။

လက်ရှိနိုင်ငံတကာသကြားပေါက်ဈေးမှာ တစ်တန် လျှင် (၅၅၀ဒေါ်လာ) မြန်မာငွေ ကျပ် ၁၁ သိန်းဝန်းကျင်သာရှိပြီး သကြားတစ်ပိသာကျပ် ၁၈၀၀ နီးပါးသာပေါက်ဈေးရှိသော်လည်း ပြည်တွင်း သကြားဈေးမှာ တစ်ပိသာကျပ် ၂၁၅၀ ပေါက်ဈေး ရှိနေခြင်းဖြစ်သည်။

ပြည်တွင်းသကြားဈေးကွက်ပေါက်ဈေးမြင့်တက်နေ

“ဂရိတ်ဝေါလ်-ဝေမာသကြားစက်ရုံက ပြည်တွင်းဈေးကွက်မှာ သကြားထုတ်ရောင်းချခြင်းမရှိတော့ ပြည်တွင်းသကြားဈေးကွက်မှာ ဖြစ်သင့်တာထက် ပိုဖြစ်နေပြီး နိုင်ငံတကာသကြားပေါက်ဈေးထက် ပိုမြင့်နေပါတယ်။ လက်ရှိပြည်တွင်းပေါက်ဈေး တစ်ပိသာကျပ် ၂၁၅၀ ဖြစ်နေပြီး နိုင်ငံတကာ သကြားပေါက်ဈေးက တစ်တန် ဒေါ်လာ ၅၅၀ ပေါက်ဈေးသာရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် တစ်တန် ကျပ် ၁၁ သိန်းခန့် တစ်ပိသာ ကျပ် ၁၈၀၀ နီးပါးခန့်သာပေါက်ဈေးရှိပါတယ်။ ဂရိတ်ဝေါလ်ကုမ္ပဏီနဲ့ ဝေမာကုမ္ပဏီ နှစ်ခု အကျိုးအမြတ်ခွဲဝေမှု ပြသနာ ဖြစ်နေတော့ သကြားရောင်းခွင့်မရှိကြဘဲ အမှုဖြစ်နေတော့ ပြည်တွင်းသကြားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှုမရှိတော့ပဲ သကြားဈေးက နိုင်ငံတကာပေါက်ဈေးထက်ပိုမိုမြင့်တက်နေတာပါ” ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

အဆိုပါကုမ္ပဏီ နှစ်ခု အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာပြသနာကြောင့် ပြည်တွင်းသကြား ကြိတ်ဝါးမှုတန်ချိန်များ လျော့ကျခဲ့ပြီး ယင်းစက်ရုံသို့ ကြံတင်သွင်းသည့် ကြံစိုက်တောင်သူများလည်း ကြံဖိုးငွေ နောက်ကျရရှိခဲ့ခြင်းကြောင့် အဆင်မပြေဖြစ်ခဲ့ရကြောင်း လာမည့်နှစ်ကြံစိုက်ပျိုးမှု လျော့ကျခြင်းနှင့်အတူ သကြားထုတ်လုပ်မှုလည်း လျော့ကျသွားမည်ဖြစ်ကြောင်း ကြံတင်ပို့နေသည့် ကြံတောင်သူတစ်ဦးက ပြောသည်။

“ဂရိတ်ဝေါလ်နဲ့ ဝေမာက အကျိုးအမြတ်ခွဲဝေဆိုင်ရာ အမှုဖြစ်နေတော့ သကြားက ဈေးကွက်ထဲ မရောင်းဘူးဖြစ်နေတယ်။ သကြားရောင်းချပြီး အကျိုးအမြတ်ခွဲဝေခြင်းကို ဝေမာကုမ္ပဏီက မဆောင်ရွက်တော့ အခုလို ပြည်တွင်းသကြားဈေးတွေမြင့်တက်လာတာပါ။ သကြားစက်ကလည်း ကုမ္ပဏီနှစ်ခုအမှုဖြစ်နေတော့ ယခင်နှစ်တွေက တန်ချိန် ၁၅ သိန်းနီးပါး ကြိတ်ဝါးတာကနေ မနှစ်က ကြိတ်ဝါးမှုလျော့ကျသွားတာ သကြားတန်ချိန် ၅သိန်းကျော်သာ ထွက်ရှိတော့တယ်။ လာမည့်နှစ်လည်း တန်ချိန် ၄ သိန်းလောက်ပဲ ထုတ်နိုင်တော့မယ်။ ဝေမာ ကုမ္ပဏီ အနေဖြင့် အကျိုးအမြတ်ခွဲဝေမှုအပေါ် တရားရင်ဆိုင်နေကြဆဲဖြစ်သလို သကြားရောင်းချမှုကိုလည်း မဆောင်ရွက်တော့ တောင်သူများနှင့်လည်း ကြံဖိုးပေးချေမှု နောက်ကျခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/06/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 6, 2022 10:03 上午
下一篇 7月 8, 2022 10:01 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....