အာသံမျိုးလက်ဖက်စိုများစျေးကွက်သို့ပိုမိုရောင်းချ

Summary : စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းဒေသထွက် အာသံမျိုးလက်ဖက်စိုများ တစ်နှစ်ထက်တစ်နှစ် ပိုထွက်၍ စျေးကွက်သို့ ပိုမိုပို့ဆောင် ရောင်းချလာရကြောင်းသိရသည်။

ဟုမ္မလင်းဒေသထွက် အာသံမျိုးလက်ဖက်စိုများ တစ်နှစ်ထက်တစ်နှစ် ပိုထွက်၍ စျေးကွက်သို့ ပိုမိုပို့ဆောင်ရောင်းချလာ

အာသံမျိုးလက်ဖက်စိုများစျေးကွက်သို့ပိုမိုရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းဒေသထွက် အာသံမျိုးလက်ဖက်စိုများ တစ်နှစ်ထက်တစ်နှစ် ပိုထွက်၍ စျေးကွက်သို့ ပိုမိုပို့ဆောင် ရောင်းချလာရကြောင်းသိရသည်။

အာသံမျိုးလက်ဖက်စိုများစျေးကွက်သို့ပိုမိုရောင်းချ

“လက်ဖက်စိုက်ခင်းတွေမှာ ဧပြီလလောက်ကစပြီး ခူးနေတာ အခုအချိန်ထိပါ။ လက်ဖက်က တစ်နှစ်ထက်တစ်နှစ် ပိုထွက်လာတယ်။ မိုးမလွတ်တော့ လက်ဖက်တွေ နေလှမ်းမရတော့ လက်ဖက်စိုတွေ စျေးကွက်ပို့နေရတယ်။ စျေးကွက်ကို လက်ဖက်စိုတွေ နွေဦးကတည်းက ပို့နေကြတာပါ။ လက်ဖက်စိုကို မန္တလေးနဲ့မုံရွာစျေးကွက်တွေကို ပို့ကြတယ်။ အသင့်စားလက်ဖက်အဖြစ် မက်လင်သီးတို့၊ စောင်းလျားသီးတွေနဲ့ လက်ဖက်ချဥ်စပ်တွေလုပ်ပြီး ပါကင်နဲ့စျေးကွက်ကို ပို့ပါတယ်” ဟု ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေး ကပြောသည်။

လက်ဖက်စိုတစ်ပိသာကျပ် ၁၀၀၀ နှင့် ၁၂၀၀ စျေးရှိပြီး လက်ဖက်လှိုင်လှိုင်ပေါလာကာ မိုးရွာ၍ လက်ဖက်ရွက်ကြီးလာ ကြမ်းလာလျှင် တစ်ပိသာ ၈၀၀ ကျပ်ခန့်ထိ စျေးကျသွားတတ်သည်။ ယခင်ရှေးကတည်းကစိုက်လာသည့် လက်ဖက်ခင်းတွင် အပင်ဖြည့်စိုက်ခြင်းများ ကိုင်းဖြတ်ပြုပြင်သည့်နည်းသုံးပြီး လက်ဖက်အထွက်ကောင်းရန် လုပ်ဆောင်နေကြောင်း သိရသည်။

“စိုက်တဲ့သူတွေက အပင်သစ်တွေကို တိုးစိုက်နေပါတယ်။ စိုက်ပျိုးရေးဌာနက လက်ဖက်စိုက်ခင်းတွေကို သမရိုးကျထားမယ်ဆိုရင် အထွက်နှုန်းလျော့သွားမှာ ဖြစ်တဲ့အတွက် ကိုင်းဖြတ်တဲ့စနစ်ကို လက်တွေ့လုပ်ပြ ပညာပေးပြောကြားတာတွေ လုပ်ဆောင်နေပါတယ်။ လက်ဖက်ကိုင်းဖြတ်ရင် သက်တမ်းကြီးနေရင် အောက်ခြေကိုင်းဖြတ်တာ၊ သက်တမ်းအလယ်အလတ်ဆိုရင် အလယ်ကကိုင်းဖြတ်တာ၊ သက်တမ်းနုပင်တွေဆို အပေါ်ယံကိုင်းဖြတ်တာတွေ နည်းစနစ်မှန်အောင် ပညာပေး လုပ်ဆောင်နေပါတယ်။ ဟိုအရင်တုန်းက ပေါင်းရှင်းရင် လက်နဲ့ပဲရှင်းရာက အခုဆိုရင် ပေါင်းသတ်ဆေးတွေ သုံးလာကြတယ်။ အဲဒါတွေမသုံးကြဖို့ စက်နဲ့ကိုင်းဖြတ်တာ၊ ပေါင်းဖြတ်ရှင်းတာတွေလုပ်ဖို့ ပြောဆိုစည်းရုံး နေပါတယ်” ဟု ဒေါ်စုစုထွေး ကပြောသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/06/%e1%80%a1%e1%80%ac%e1%80%9e%e1%80%b6%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%80%e1%80%ba%e1%80%96%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 6, 2022 10:02 上午
下一篇 7月 6, 2022 10:04 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....