China-Myanmarစီးပွားရေးနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး

Summary : မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို ပုဂံမြို့၊ နန်းမြင့်မျှော်စင်၊ ဘုရင့်နောင်ခန်းမ၌ ဇူလိုင်လ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ပြီး အဆိုပါတွေ့ဆုံမှုအပြီးတွင် တရုတ်-မြန်မာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
တရုတ်-မြန်မာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို ပုဂံမြို့၊ နန်းမြင့်မျှော်စင်၊ ဘုရင့်နောင်ခန်းမ၌ ဇူလိုင်လ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ပြီး အဆိုပါတွေ့ဆုံမှုအပြီးတွင် တရုတ်-မြန်မာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ပုဂံမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ ရှေ့မှောက်၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေး စီမံကိန်း သဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ လှူဒါန်းသည့် ယွမ် (၁၀ ဒသမ ၅) သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များနှင့် မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ယွမ် (၃၂) သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်းပေးအပ်/ လက်ခံလွှာ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ (၁,၀၀၀) လွှဲပြောင်းပေးအပ်/လက်ခံလွှာတို့ကို မြန်မာဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တရုတ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လွှဲပြောင်းလက်ခံ လဲလှယ်ခဲ့ကြသည်။

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့ ပိုမိုတင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေး၊ မြန်မာပညာသင်များ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှု ချောမွေ့စေရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် စသည့် ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေး အမြင်ချင်း ဖလှယ်ကြသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/06/china-myanmar%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 6, 2022 9:55 上午
下一篇 7月 6, 2022 10:03 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....