ရထားလက်မှတ်နှုန်းထားများဈေးနှုန်းပြောင်းလဲသတ်မှတ်

Summary : မြန်မာ့မီးရထားမှ ပြေးဆွဲနေသော ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်တွင် ရထားလက်မှတ် နှုန်းထားများသည် ဇူလိုင် ၁ ရက်မှ စတင်၍ဈေးတက်ပြီး နှုန်းထားအသစ်ဖြင့် ပြောင်းလဲသတ်မှတ် ပြေးဆွဲနေကြောင်း သိရသည်။

ရထားခရီးစဉ်များ၏ လက်မှတ်နှုန်းထားများ ဇူလိုင် ၁ ရက်မှစတင်၍ ဈေးနှုန်းပြောင်းလဲသတ်မှတ်ခဲ့

ရထားလက်မှတ်နှုန်းထားများဈေးနှုန်းပြောင်းလဲသတ်မှတ်

မြန်မာ့မီးရထားမှ ပြေးဆွဲနေသော ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်တွင် ရထားလက်မှတ် နှုန်းထားများသည် ဇူလိုင် ၁ ရက်မှ စတင်၍ဈေးတက်ပြီး နှုန်းထားအသစ်ဖြင့် ပြောင်းလဲသတ်မှတ် ပြေးဆွဲနေကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်ရထားခရီးစဉ်သာမက နေပြည်တော်-ရန်ကုန်၊ နေပြည်တော်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် ရထားခရီးစဉ်နှုန်းထားများလည်း ပြင်ဆင်သတ်မှတ်ကြောင်းသိရသည်။

ပြောင်းလဲသတ်မှတ်လိုက်သော ရထားခနှုန်းထားများမှာ ရန်ကုန်-မန္တလေးအမြန်ရထားခရီးစဉ်တွင် အထက်တန်းအိပ်ခန်း လက်မှတ်- ၂၁၂၅၀ ကျပ်၊ အထက်တန်းလက်မှတ် ၁၅၄၅၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ် ၇၇၅၀ ကျပ်ဖြစ်ကြောင်း၊ နေပြည်တော်-မန္တလေးခရီးစဉ်တွင် အထက်တန်းလက်မှတ် ၆၁၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ် ၃၀၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ယခင် လက်မှတ်နှုန်းထားများမှာ အထက်တန်းအိပ်ခန်းလက်မှတ် ၁၃၀၀၀ ကျပ်၊ အထက်တန်းလက်မှတ် ၉၃၀၀ ကျပ်နှင့် ရိုးရိုးတန်းလက်မှတ် ၄၆၅၀ ကျပ် ဖြစ်သည်။

မန္တလေး-ရန်ကုန် အမှတ် ၄ အစုန်အမြန်ရထားသည် မန္တလေးမှ ညနေ ၃ နာရီတွင် ထွက်ခွာပြီး၊ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်အမြန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ထွက်ခွာကြောင်း၊ အထက်တန်းအိပ်ခန်းတွဲ ၁ တွဲ၊ အထက်တန်းတွဲ ၆ တွဲ၊ ရိုးရိုးတန်းတွဲ ၁၁ တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်ကြောင်း သိရသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/08/%e1%80%9b%e1%80%91%e1%80%ac%e1%80%b8%e1%80%9c%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%91%e1%80%ac%e1%80%b8%e1%80%99%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 8, 2022 10:03 下午
下一篇 7月 9, 2022 9:46 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....