တရုတ်မှကချင်ပြည်နယ်အစိုးရသို့ COVID-19ပစ္စည်းလှူဒါန်း

Summary : ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကာကွယ်တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ က မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် ယွမ်ငွေ ၆ သန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့က ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ကချင်ပြည်နယ်အစိုးရသို့ ယွမ် ၆ သန်းကျော်တန်ဖိုးရှိ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

တရုတ်မှကချင်ပြည်နယ်အစိုးရသို့ COVID-19ပစ္စည်းလှူဒါန်း

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကာကွယ်တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ က မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် ယွမ်ငွေ ၆ သန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့က ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ယူနန်ပြည်နယ် ပေါင်စန်း ပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Cheng Dejun က လှူဒါန်းသည့်ပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လက်ခံရယူသည်။

တရုတ်မှကချင်ပြည်နယ်အစိုးရသို့ COVID-19ပစ္စည်းလှူဒါန်း

ထို့နောက် ပေါင်စန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Cheng Dejun က လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကချင်ပြည်နယ်သို့ နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုခန့်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/08/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%85%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 8, 2022 10:01 下午
下一篇 7月 8, 2022 10:04 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....