MNA တရုတ်-ကူမင်းခရီးစဉ်သစ်စတင်ပျံသန်း

2022-07-08 19:18:00
 fitc Kaungkaung
Original  8
Summary : မြန်မာအမျိုးသားလေကြောင်း (MNA)က နိုင်ငံတကာခရီးစဉ်သစ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ဇူလိုင်လ ၄ ရက်နေ့က Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်း (MNA)က တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခရီးစဉ်သစ်စတင်ပျံသန်း

MNA တရုတ်-ကူမင်းခရီးစဉ်သစ်စတင်ပျံသန်း

မြန်မာအမျိုးသားလေကြောင်း (MNA)က နိုင်ငံတကာခရီးစဉ်သစ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ဇူလိုင်လ ၄ ရက်နေ့က Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကူမင်းခရီးစဉ်အား UB-8006 အဖြစ် နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ကူမင်း-ရန်ကုန်ခရီးစဉ်အား UB-8007 အဖြစ် ၁၆း၁၀ တွင်လည်းကောင်း ပျံသန်းခြင်းဖြစ်ပြီး ရန်ကုန် – ကူမင်း – ရန်ကုန် ခရီးစဉ်ကို (၂)ပတ်လျှင် (၁) ကြိမ် တနင်္လာနေ့ များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။

MNA တရုတ်-ကူမင်းခရီးစဉ်သစ်စတင်ပျံသန်းMNA တရုတ်-ကူမင်းခရီးစဉ်သစ်စတင်ပျံသန်း

အလားတူ မြန်မာအမျိုးသားလေကြောင်း (MNA) ၏ နိုင်ငံတကာခရီးစဉ်သစ်အဖြစ် ရန်ကုန် – အင်ချွန်း – ရန်ကုန် ခရီးစဉ်သစ်ကို ဇူလိုင်လ (၂၂)ရက်နေ့မှ စတင်၍ (၂)ပတ်လျှင် (၁) ကြိမ် သောကြာနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။

MNA အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိပြီး လက်ရှိတွင် MNA က ပြေးဆွဲနေသည့် ပြည်တွင်းပြည်ပခရီးစဉ်များ၌ တစ်ရက်လျှင် ခရီးသည် ၂၅၀၀ ခန့်ရှိကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/08/mna-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%85%e1%80%89%e1%80%ba%e1%80%9e%e1%80%85%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 6, 2022 10:04 上午
下一篇 7月 8, 2022 10:03 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....