- 2022-07-09 00:18:00
- fitc SNK
- Original 51
စက်သုံးဆီ အော့တိန်း 92 ဈေးနှုန်း ၂၀၀၀ ကျပ်အောက်သို့ ကျဆင်းလာ
စက်သုံးဆီတစ်လီတာဈေးနှုန်းများမှာ မန္တလေးဈေးကွက်တွင် ဇူလိုင် ၆ ရက်ထိ အော့တိန်း 92 မှာ ကျပ် ၂၀၀၀ အထက်ရှိခဲ့ရာက ဇူလိုင်လ ၇ ရက်နေ့တွင် ၎င်းအောက်ရောက်ရှိသွားပြီး ၁၈၈၀ ကျပ်ပေါက်ဈေးရှိပြီး အခြား စက်သုံးဆီဈေးနှုန်းများလည်း တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၂၀၀ ဝန်းကျင်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“စက်သုံးဆီဈေးနှုန်းက ပြီးခဲ့တဲ့လတွေမှာ ၂၀၀၀ ကျပ်အထက်မှာပဲ ရှိနေပြီး ဒီနေ့ ဆီသွားထည့်မှ ဈေးက ၂၀၀၀ အောက်ရောက်မှန်းသိရတယ်။ ထိပ်စည်းပြောင်းသွားတယ်။ ဘာပဲဖြစ်ဖြစ် ဆီဈေးကျမှ အခြားသယ်ယူပို့ဆောင်ခတွေ ကျလာမယ်”ဟု မန္တလေးမြိုခံတစ်ဦးကပြော သည်။
စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ ရန်ကုန်ဈေးကွက်တွင် 92 မှာ ၁၈၃၅ ကျပ်၊ 95 မှာ ၁၉၅၅ ကျပ်၊ ပရီမီးယားဒီဇယ် ၂၂၂၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၁၉၅ ကျပ်ဖြစ်၍ မန္တလေးဈေးကွက်တွင် 92 မှာ ၁၈၈၀ ကျပ်၊ 95 မှာ ၂၀၀၀ ကျပ်၊ ပရီမီးယားဒီဇယ် ၂၂၇၀ ကျပ်နှင့် ရိုးရိုးဒီဇယ် ၂၂၄၀ ကျပ်တို့ဖြစ်ရာ ပြီးခဲ့သည့်ရက်များထက် တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၂၀၀ ၀န်းကျင် ကျဆင်းခဲ့သည်။
ရေနံစိမ်းတစ်စည်လျှင် ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်ဒေါ်လာ ၁၁၀ ဝန်းကျင်ရှိရာမှ ဇူလိုင် ၇ ရက်နေ့တွင် ၁၀၃ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ ကမ္ဘာ့ဈေးရေနံစိမ်းကွက်တွင် ရုရှားအပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ပိတ်ပင်ရန် စီစဉ်နေမှုများကြောင့် ဈေးတက်နိုင်သည်ဟု သုံးသပ်မှုများရှိကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/09/%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae-92-%e1%80%88%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%81%82%e1%81%80%e1%81%80/